ဓာတ်လှေကား၊ ဘရာဇီယာ နဲ့ အိုင်ပက်

Thursday, August 7, 2014

 ~




ဓာတ်လှေကားတွေဟာ လူအများကြီး မတင်နိုင်ပါဘူး။ လေးငါးယောက်ပဲဆံ့တဲ့ အသေးလေးတွေ၊ ဆယ်ယောက်ကျော်ကျော်ဆံ့တဲ့ အလတ်စားတွေ စသဖြင့် အစားစားပါပဲ။


လူများတဲ့အခါ တင်ဆောင်နိုင်မယ့်အလေးချိန်ထက် ပိုနေမယ်ဆိုရင် ဓာတ်လှေကားက အပေါ်မတက်၊ အောက်မဆင်းတော့ပါဘူး။ တံခါးလည်း မပိတ်တော့ပါဘူး။

ဝိတ် သိပ်များနေပြီဆို ဓာတ်လှေကားထဲက တယောက် ထွက်ပေးလိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။

တခါတလေ တယောက်မက ထွက်ပေးရပါလိမ့်မယ်။
ဝိတ်လျှော့ပေးလိုက်မှ ဓာတ်လှေကားက အလုပ် ဆက်လုပ်မယ်ဆိုတဲ့သဘောပေါ့။

တရုတ် ရုပ်သံတခုမှာ ဓာတ်လှေကား လူအပြည့်ဝင်မိပြီး ဒီလို ဖြစ်ရပ်မျိုးနဲ့ ကြုံရပုံအကြောင်း ရိုက်ကူးထားတာကို တွေ့ရပါမယ်။

ဟာသ ရသ မြောက်အောင် ရိုက်ထားတာပါ။

ရယ်စရာ ဆိုသော်ငြား စဉ်းစားစရာတချို့ ပေါ်လာနိုင်ပါတယ်။
ကနေ့ခေတ်လူသားတို့ ခေတ်ပေါ်ပစ္စည်းတွေကို အသားပေးတဲ့အကြောင်း ရိုက်ကူးထားတာလို့ ယူဆပါတယ်။

ရုပ်သံကို တင်လိုက်ရင် အင်တာနက်ခပ်နှေးနှေးသုံးသူတို့ အဆင်မပြေနိုင်တာကြောင့် ပုံတွေထုတ်ပြီး တင်လိုက်ပါတယ်။
ပုံတွေက ရုပ်သံထက် ပိုကြည့်ရလွယ်ပါလိမ့်မယ်။

လူပြည့်နေတဲ့ဓာတ်လှေကားဆီကို အမျိုးသမီးတယောက် အပြေးလှမ်းလာတယ်။ သူလည်း လိုက်မယ်။ နောက်တခေါက်အထိ မစောင့်နိုင်တော့ဘူး ဆိုပါတော့။

ဓာတ်လှေကားထဲ သဘာဝကျကျ နောက်ပြန် ဝင်ရပ်ပါတယ်။ သိတဲ့အတိုင်းပဲ... ဓာတ်လှေကားစီးရင် တံခါးကို မျက်နှာမူပြီး စီးကြတာမဟုတ်လား။

အခက်အခဲနဲ့ တွေ့ရပါပြီ။
ဓာတ်လှေကားက တံခါး မပိတ်တော့ပါဘူး။

သတ်မှတ်ထားတဲ့ ဝန်ဆောင်နိုင်မှုထက် အလေးချိန် ပိုနေပြီပေါ့။
ကဲ... တယောက်ယောက်တော့ ထွက်ပေးရပါမယ်။ နောက်တခေါက်မှ သူ ဆက်လိုက်ပေါ့။ ဘယ်သူ ထွက်ရပ်မလဲ။ ဘယ်သူ အနစ်နာခံမလဲ။

ထုံးစံအတိုင်း ဆိုရင်တော့ နောက်ဆုံးဝင်လာတဲ့သူက ထွက်ပေးရပါတယ်။
ကဲ...နောက်ဆုံးဝင်လာတဲ့ အမျိုးသမီး ထွက်ပေးမလား ကြည့်ရအောင်။

မထွက်ပေးပါဘူး။
သူ အိတ်ထဲ တခုခု ရှာနေပါပြီ။

အိတ်ထဲကနေ ခေါက်ထီး ထုတ်ပြီး အပြင်ဘက် ပစ်ထည့်လိုက်ပါတယ်။
ဒါဆို ဓာတ်လှေကားလည်း တစုံတရာသော အလေးချိန် လျော့သွားပြီပေါ့။
အလုပ်ဖြစ်သလား ကြည့်ရအောင်။

အင်း.... အလုပ်မဖြစ်ပါဘူး။

ခေါက်ထီးဝိတ်လောက်နဲ့ မရဘူး ဆိုတော့ သူ့လွယ်အိတ်ကို အပြင်ဘက် ပစ်ထုတ်ပါတယ်။
 အိတ်ထဲက အိုင်ပက်ကိုတော့ ထုတ်ယူလိုက်ပါတယ်။

အိတ်နဲ့ တခြားပစ္စည်းတွေ အပြင်ဘက် ရောက်သွားပေမယ့် ဓာတ်လှေကားတံခါးက ပိတ်မသွား။
သတ်မှတ်အလေးချိန်ထက် ပိုနေသေးတယ် ဆိုပါစို့။

လှေကားထဲမှာတော့ သူ့ကို အကဲခတ်နေကြတယ်။
ထီးနဲ့အိတ် ပစ်ပြီးပြီ၊ ဘာထပ်ပြီး လွှင့်ပစ်ဦးမလဲ ပေါ့လေ။


 ဓာတ်လှေကားထဲ အလေးချိန်ပေါ့သွားအောင် သူ ဖိနပ်ချွတ်တယ်၊ အပြင်ဘက် ပစ်လိုက်တယ်။
ဖိနပ်တရံစာတော့ ပေါ့သွားတယ်။

မလုံလောက်သေးဘူး။ ဓာတ်လေကား နေရာမရွေ့သေးဘူး။

ပစ်ထုတ်စရာ ပစ္စည်းကလည်း သိပ် များများစားစား မကျန်တော့ဘူး။ တခုပဲ ကျန်တယ်လို့ ပြောရမယ်။ အဲဒါက သူ့ရဲ့ အိုင်ပက်ပါပဲ။

ဟော... သူ့ရဲ့ နောက်ထပ် ပစ်ထုတ်မယ့် ပစ္စည်းကြောင့် ဓာတ်လှေကားထဲက တချို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်ကြတယ်။

သူ ရွေးလိုက်တာ အိုင်ပက် မဟုတ်ဘူး။

သူ့ အဝတ်အစား။
နောက်ကျောက ဇစ်ကိုဆွဲပြီး အ၀တ်အစား ချွတ်လိုက်ပါပြီ။

အလုပ်ဖြစ်နိုင်ကောင်းရဲ့။
အင်္ကျီတထည်မှာလည်း သူ့ အလေးချိန်နဲ့သူ မဟုတ်လား။

အင်္ကျီတထည်မှာလည်း သင့်တော်တဲ့ အလေးချိန် ရှိပေမယ့် ဒီဖြစ်ရပ်မှာ ဒါက လုံလောက်တဲ့ အလေးချိန် မဟုတ်သေးဘူး။ အင်း.... ဓာတ်လှေကားတံခါးက ပိတ်မသွားဘူး။

သူ့ရဲ့ စကတ်အင်္ကျီ မရှိတော့ပေမယ့် အတွင်းခံ နှစ်ပိုင်းရှိနေသေးတယ်ဆိုတော့ သူ လုံလုံခြုံခြုံ ၀တ်ထားတယ်လို့ ဆိုသော်ရ၏ ဆိုပါစို့။

လုံခြုံတာ မလုံခြုံတာက ထားပါတော့ .... ဓာတ်လှေကားမှာ အလေးချိန် ပိုနေသေးတယ်။
ကဲ... သူ ဘာလုပ်မလဲ။

ပုံမှာ တွေ့ရတဲ့အတိုင်း သူက တစုံတခုကို အပြင်ဘက် ထပ်ပစ်လိုက်ပြန်ပါပြီ။

အိုင်ပက် မဟုတ်ပါဘူး။ အတွင်းခံဘောင်းဘီ မဟုတ်ပါဘူး။
ဘရာဇီယာပါ။

ဘရာဇီယာမှာလည်း သူ့ အလေးချိန်နဲ့သူ မဟုတ်လား။

ဓာတ်လှေကားထဲ သတ်မှတ်တဲ့အလေးချိန် ဖြစ်သွားအောင် ဒီ ဘရာဇီယာက ကယ်တိုင်နိုင်မလား ကြည့်ရအောင်။

အားလုံး စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်ပါတယ်။
ဟော ... ကြည့်နေရင်းနဲ့ပဲ ဓာတ်လှေကား တံခါး သူ့အလိုအလျောက် ပိတ်သွားပါပြီ။
လှေကားထဲ စုစုပေါင်းအလေးချိန်က သတ်မှတ်ထားတာထက် မပိုတော့တဲ့အတွက် ဓာတ်လှေကား ရွေ့ပါတော့မယ်။

ဘရာဇီယာတထည်က အလုပ်ဖြစ်တယ်လို့ ဆိုရမယ်။

သူလည်း သူ့ရင်ဘတ်ကို အိုင်ပက်နဲ့ဖုံးပြီး လုံလုံခြုံခြုံနဲ့ လိုရာခရီး ဆက်သွားလေသတည်းလို့ ဆိုလိုချင်ပုံ ရပါတယ်။

ကနေ့ခေတ်လူသားတို့ အိုင်ပက်ကို မြတ်နိုးစွာ သုံးဆောင်နေကြတဲ့အကြောင်း သရုပ်ဖော်တဲ့ ဇာတ်လမ်းတိုလို့ ပြောရမှာပါ။

ကဲ... အောက်က ရုပ်သံကို ရှုစားလိုက်ပါဦး။

ရုပ်သံကို ကြည့်ဖို့ အခက်အခဲ ရှိတယ်ဆိုရင်လည်း ပြဿနာတော့ မဟုတ်ပါ။ ရုပ်သံထဲက မြင်ကွင်းတွေကို အပေါ်မှာ ဓာတ်ပုံအဖြစ် ဖော်ပြထားပါတယ်။ အတူတူပါပဲ။

ရုပ်သံ ကြည့်လို့ရရင်တော့ ပိုကောင်းတယ်လို့ ဆိုရပါမယ်။




 



.

1 comments :

  1. susan said... :

    နှာခေါင်းလန် စုတ်ချွန်:ချွန်:နဲ့ဒီလောက်အရုပ်ဆိုးတာမယ်တဲ့လား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved