ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာသိမ်း ခေါင်းဆောင် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ထိုင်း အမျိုးသား ဥပဒေပြု လွှတ်တော် NLA က ၀န်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ထိုင်း အမျိုးသား လွှတ်တော်မှာ ဆန္ဒမဲ ၁၉၁ မဲနဲ့ ကန့်ကွက်မဲ မရှိ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း အဆိုကို ထောက်ခံပြီး မဲမပေးတာ ၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်း နိုင်ငံ သတင်းတွေမှာတော့ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ချန်အိုချာကို NLA အတွင်းရေးမှူးက ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ချန်အိုချာက တော့ NCPO က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင် အထည် aဖ်ာမှာဖြစ်တယ်လို့ ပြောဆိုကတိပေးကြောင်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။
ထိုင်းဘုရင့်နန်းတော်ရဲ့ အတည်ပြုချက်ရပြီးရင်တော့ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဟာ ထိုင်းနိုင်ငံရဲ့ ၂၉ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာမှာပါ။
ဆက်စပ်သတင်း
အိမ့်သံစဉ် ~

- Thai Junta Leader Appointed PM by Hand-Picked Parliament
အိမ့်သံစဉ် ~
0 comments :
Post a Comment