လုပ်ငန်းခွင်မှာ ကလေးလုပ်သားအသုံးပြုမှု တယ်လီနော ဖော်ထုတ်

Friday, August 22, 2014

လာမယ့် စက်တင်ဘာလမှာ မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူးရောင်းချပေးမယ့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက သူ့ရဲ့ တယ်လီနော အော်ပရေတာ ကွန်ရက်တည်ဆောက်မှုတွေမှာ ကလေး လုပ်အား အသုံးပြု တာကို ဖော်ထုတ် တွေ့ရှိရတယ်လို့ သတင်းတပုဒ်က ရေးလာပါတယ်။ 

 ရန်ကုန်မြို့ တယ်လီနောရုံး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Fierce wireless သတင်းရဲ့ အဆိုအရ တယ်လီနောကုမ္ပဏီက နိုင်ငံတွင်း ကွန်ရက်တည်ဆောက်မှု လုပ်ငန်းခွင် ၃ ခုမှာ ကလေး လုပ်အားအသုံးပြုတာတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ 

တယ်လီနောကုမ္ပဏီက သူနဲ့ တွဲဖက်လုပ် တဲ့ မြန်မာကုမ္ပဏီတွေအနေနဲ့ အသက် ၁၅ နှစ် အောက် ကလေးတွေကို အလုပ်မခိုင်းစေဖို့ မေတ္တာရပ်ခံထားပေမယ့် အခု လို ကလေးလုပ်သားအသုံးပြုမှု ရှိတာကို တွေ့ခဲ့ရတာလို့ ဆိုတယ်။ 

တယ်လီဖုန်းကွန်ရက်တည်ဆောက်ရေးလုပ်ငန်းခွင်တခုဖြစ်တဲ့ တာဝါတိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ဟာလည်း အလွန်မြင့်မားပြီး လုပ်ငန်းခွင်အန္တရာယ်လည်း ရှိတာကြောင့် အရွယ်မရောက်သေးသူတွေ အတွက် မလုပ်သင့်ဘူးလို့ ဆိုထားပါတယ်။ 

ပဲခူးက တာဝါတိုင် ဆောက်လုပ်မှု လုပ်ငန်းခွင်မှာ အသက် ၁၇ နှစ်နဲ့ ၁၇ နှစ်ခွဲ အရွယ်ရှိတဲ့ လုပ်သား ၂ ဦးကို တွေ့ရတာ ကြောင့် လုပ်ငန်းခွင်က ထုတ်ပယ်ခဲ့ရတယ်လို့ တယ်လီနော ကုမ္ပဏီက ပြောထားတယ်။ 

မန္တလေးက လုပ်ငန်းခွင်မှာလည်း အသက် ၁၂ နှစ်အရွယ် ၂ ဦး၊ အသက် ၁၃ နှစ် ၁ ဦးတို့ကိုလည်း လုပ်ငန်း ခွင်တခုမှာ အလုပ်လုပ်နေတာတွေ့လို့ ဖယ်ရှားခဲ့ရပြန်တယ်လို့ ဆိုပါတယ်။ 

နောက်ထပ် မန္တလေးလုပ်ငန်းခွင်တခုမှာလည်း အသက် ၁၅ နှစ်သားတဦးဟာ သူ့ဖခင်နဲ့ အတူ မိသားစု အပိုဝင်ငွေရဖို့ အလုပ်ဝင်လုပ်တာတွေ့ရပါသေးတယ်လို့ တယ်လီနောက ပြောပါတယ်။ 

တယ်လီနောကတော့ သူနဲ့ လက်တွဲလုပ်ဆောင်မယ့် မြန်မာကန်ထရိုက်တွေအနေနဲ့ ကလေး လုပ်သား အသုံးပြုတဲ့ ကိစ္စ ဖော်ထုတ်ခဲ့အပြီး စုံစမ်းမှုတွေ ဆက်လုပ်သွားမယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက် မှာ ပြောထားပါတယ်။ 

ဒါဟာ တာဝန်သိရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်နေတာပါလို့ တယ်လီနောအနေနဲ့ ပြသလိုက်တာလည်း ဖြစ်နိုင် ပါတယ်။ 


အိမ့်သံစဉ် ~ 




.








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved