အမှိုက်ကောက် လုပ်အားပေးနေသော နန်းခင်ဇေယျာ

Tuesday, August 5, 2014

 

 ~






မိုးတွေရွာနေတဲ့ ရန်ကုန်မြို့မှာ အလှမယ် နန်းခင်ဇေယျာက  အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတချို့ကိုသွားပြီး သန့်ရှင်းရေးလုပ်အားပေးနေတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တနင်္လာနေ့က အခုလို ရေးသားဖော်ပြထားပါတယ်။


၃.၈.၂၀၁၄ တနင်္ဂနွေနေ့ မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ အသင်းသားများနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်အားပေးခြင်း ၊ ပညာပေးလက်ကမ်း စာစောင်များ ဝေမျှခြင်း အစီအစဉ်မှာ နန်းခင် လည်း အားလပ်တဲ့ အချိန်လေးမှာ မိုးထဲ လေထဲ တစ်တပ်တစ်အားပါဝင် လုပ်အားပေး ကုသိုလ်ယူခဲ့ပါတယ်ရှင်။

👭"အမှိုက်ကင်းစင် မြန်ပြည်တစ်ခွင်
ကျန်းမာသန့်ရှင်း ရောဂါကင်းကြဖို့
ကိုယ့်အမှိုက် ကိုယ်ရှင်းကြပါစို့။ "👭

 


.

1 comments :

  1. Anonymous said... :

    YDNT
    မမရဲ့ ရုပ်ရည်နဲ့လိုက်အောင် မမရဲ့စိတ်ထားက အရမ်းပဲလှပါတယ်။ လူတိုင်းအတွက် အမြဲတမ်းရပ်တည်နေပေးပါနော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved