စာပေအနုပညာရှင်တွေ နိုင်ငံရေးမှာပါဝင်ကူညီဖို့ လို

Monday, August 25, 2014

ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေ တွေ့ဆုံ ပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ သြဂုတ် ၂၅ ရက်နေ့ကတွေ့ဆုံကြပါတယ်။ စာပေအနုပညာရှင်တွေအနေနဲ့ နိုင်ငံရေးမှာပါဝင် လာ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။ 

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

“ကျမတို့ နိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ပါ၊ စာပေအနုပညာရှင်တွေ ကူညီဖို့ လိုတယ်၊ ကျမတို့ လုပ်နေတဲ့ အလုပ်တွေမှာ အတူတူ လက်တွဲလုပ်ဖို့ လိုပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီး ပြောတာက “ဒီပါတီ ဟိုပါတီက မဟုတ်ဘဲ နိုင်ငံရေးသမားတွေ မဟုတ်တဲ့ စာပေအနုပညာရှင်တွေက ချပြရင် ပြည်သူတွေက လက်ခံကြပါတယ်၊ စာပေအနုပညာရှင်တွေ ဟာ အင်မတန်မှ ထူးခြားတဲ့ နေရာမှာ ရှိပါတယ်။ တာဝန် သိစိတ်လည်း ရှိဖို့ လိုပါတယ်”လို့ ဆိုပါတယ်။ 

ဒီအကြောင်းသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီသတင်းထောက် 
မေစစ်ပိုင် ရေးသား တင်ပြထားတဲ့ စာပေအနုပညာရှင်များ နိုင်ငံရေးမှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ( http://burma.irrawaddy.org/news/2014/08/25/63675.html ) ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။





အိမ့်သံစဉ်~


 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved