ယာဉ်မောင်းစဉ် ဖုန်းမပြောရ

Monday, August 11, 2014

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းတွေကို ပြင်းပြင်း ထန်ထန် ချမှတ်နေသလို ဘန်ကောက်မြို့တော်အပါအဝင် ခရိုင်အသီးသီးမှာလည်း ရုံးတက် ရုံးဆင်း ချိန်တွေ နဲ့ သတ် မှတ်ထားတဲ့အချိန်တွေမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့တွေက နေရာစုံ ထောင့်စုံ စစ်ဆေးနေတာတွေ တွေ့ရှိရမှာ ဖြစ်ပါတယ်။ 


ဖုန်းပြောနေသူတွေကို ဓာတ်ပုံရိုက်နေတဲ့ ယာဉ်ထိန်းရဲတချို့၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အခုလ သြဂုတ်လဆန်းထဲမှာဘဲ ယာဉ်မောင်းတွေကို ယာဉ်ပေါ်တက်ပြီး ဆိုတာနဲ့ လက်ကိုင်ဖုန်းတွေ လုံးဝ ပိတ်ထားဖို့ အတွက် ယာဉ်စည်းကမ်းနောက်တခု ပြဋ္ဌာန်းလိုက်ပါတယ်။ 

ဒီစည်းကမ်းကို မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေပါ လိုက် နာရမှာ ဖြစ်ပါတယ်။ နေ့စဉ် ယာဉ် မတော်မဆ ဖြစ်မှုတွေဟာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မလိုက်နာကြသလို ယာဉ်မောင်း နေရင်း ဖုံးပြော တာတွေကြောင့်လည်း ယာဉ်တိုက်မှုတွေ ဖြစ်စေတယ်လို့ ယာဉ်စည်းကမ်းထိန်းထိမ်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။ မီးပွိုင့်မိနေတဲ့အချိန်မှာလည်း ဖုံး ပြောခွင့်မရှိပါဘူး။ 

အဲဒီစည်းကမ်းကို ဖောက်ဖျက်မယ်ဆိုရင် ဘတ် ၄၀၀ က ဘတ် ၁,၀၀၀ (မြန်မာငွေနဲ့ဆိုရင် ကျပ် ၁၀,၅၀၀ ကနေ ကျပ် ၃၀,၀၀၀) အထိ ဒဏ်ငွေ ဆောင်ရမှာ ဖြစ်ပါ တယ်။ 

စောင့်ကြည့်နေတဲ့ ယာဉ်ထိန်းတွေကတော့ ယာဉ်မောင်းတွေကို တဦးချင်း စစ်ဆေးနေမှာ မဟုတ်ပါဘူး။ 

နောက်ဆုံးပေါ် အဆင့်မြင့် ကင်မရာတွေနဲ့ လိုက်လံရှာဖွေ ရိုက်ကူးမှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ 

ကားပေါ်မှာ ဖြစ်စေ ဆိုင်ကယ်ပေါ်မှာ ဖြစ်စေ ဖုန်းပြောတာတွေ့ရင် ယာဉ်နံပါတ်မှာ ပါရှိတဲ့လိပ်စာအတိုင်း ယာဉ်မောင်း ဆီကို ဒဏ်ရိုက်စာ ရောက်လာမှာပါ။

ဒီစည်းကမ်းက ထိုင်းနိုင်ငံသားတွေမက ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်တာ ကြောင့် မြန်မာ အလုပ်သမားတွေပါ သတိထားပြီး လိုက်နှာရမှာ ဖြစ်ပါတယ်။ 

ယာဉ်တိုက်မှုကြောင့် သေဆုံးသူ တွေထဲမှာ မြန်မာနိုင်ငံသား တွေလည်း မကြာခဏ ကြုံတွေ့နေကြရတာပါ။ 






ငြိမ်းဇော် ~ 











 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved