မန္တလေးကို ၁၄၄ ရုပ်သိမ်းပေးလိုက်ပါပြီ

Monday, August 11, 2014

 ~



မန္တလေးတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
 

  • ဇူလိုင်လဆန်း ပဋိပက္ခကာလအတွင်း တွေ့ရသည့် မန္တလေးမြို့တွင်းတနေရာ (ဓာတ်ပုံ - ဧရာဝတီ)

မန္တလေးတွင်  ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မှုများကြောင့်   ည ၉ နာရီမှ မနက်  ၅ နာရီအတွင်း အပြင်မထွက်ရဟုဆိုကာ  ဇူလိုင်လဆန်းပိုင်းတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင်  တားမြစ်ချက်ကို ည ၁ဝ  နာရီမှ မနက်  ၃ နာရီအထိ ပြင်ဆင် လျှော့ချပေးခဲ့သည်။

မန္တလေးဒေသ တည်ငြိမ်လာပြီဖြစ်သောကြောင့် တားမြစ်မိန့် မလိုအပ်တော့သဖြင့် ရုပ်သိမ်းလိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်က ဧရာဝတီကို ပြောသည်။

တည်ငြိမ်မှုပျက်ပြားစေရန် ဖန်တီးမှု၊ လက်နက်ပိုင်ဆိုင်မှု စသည့် အမှုများဖြင့် အရေးယူထားသူပေါင်း ၅ဝ ထက် မနည်း ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


မူရင်းသတင်း

http://www.irrawaddy.org/burma/curfew-lifted-stability-returns-mandalay.html

ဆက်စပ် ဆောင်းပါး

http://www.irrawaddy.org/burma/accountability-sought-mandalay-riots-aftermath.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved