နားဝင်ပီသ ကြည်မြစေဖို့အတွက်ဆိုရင်…

Saturday, August 16, 2014

 ~




.....ကိုယ့်အိမ်မှာ ကိုယ်ပိုင် Mini Theater ပုံစံလုပ်ပြီး ရုပ်ရှင်ကြည့်ပြီး အပန်းဖြေလို သူတွေ သီချင်းနားထောင်လိုသူတွေ၊ ဒါမှမဟုတ် စီးပွားဖြစ် လူအယောက် ၂၀ လောက်ဆံ့တဲ့ Mini Theater  ရုပ်ရှင်ရုံအသေးစား လုပ်ငန်းတွေ လုပ်ကိုင်လိုသူတွေ အဝယ်များ အကြိုက်များကြတဲ့ Brand တွေကတော့...



  • Edwards Audio


ဂီတနဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို မစိမ်းတဲ့ ဒီနေ့ခေတ်ရေစီးထဲက လူငယ်တွေအတွက် သီချင်းနားထောင်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ကာရာအိုကေ သီချင်းတွေဆိုပြီး ပေါက်ကွဲချင်တာပဲဖြစ်ဖြစ်၊ သီချင်းဆို  ဝါသနာပါလို့ ကိုယ်ပိုင် Studio လေးထဲမှာ သီချင်းတွေ ဟစ်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီလို မိုးအေးအေး  နေ့ရက်တွေမှာ အိမ်မှာနားနားနေနေ Relax လုပ်ပြီး Home Theater မှာ ရုပ်ရှင်၊ ဇာတ်ကားကောင်းတွေ အေးအေးဆေးဆေး ခံစားကြည့်ရှုလိုလို့ပဲဖြစ်ဖြစ် 3G Audio Karaoke Speaker System,Studio Monitor Speaker, Stereo Sound System, Home Theater System အစရှိတာတွေကို ဧရာဝတီ ခေတ်ရေစီးကဏ္ဍကနေ မိတ်ဆက်ရေးသား ဖော်ပြပေးလိုပါတယ်။

ပထမဆုံး ဂျာမနီကနေလာတဲ့ 3G Audio Karaoke Speaker System နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ 3G Audio Brand ဟာ လက်ရှိမှာ လူကြိုက်များပြီး ရောင်းအားအကောင်းဆုံး ပစ္စည်း တခုဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်း Spa တွေ၊ ကော်ဖီဆိုင်တွေ၊ Conference Hall တွေမှာ အသုံးများပြီး အိမ်တွင်းအပန်းဖြေ ကာရာအိုကေ စနစ်တွေမှာလည်း အသုံးများပါတယ်။
ဒါ့အပြင် DJ ခန်းတွေနဲ့  Studio တွေမှာ သုံးမယ်ဆိုလည်း သုံးနိုင်ပါသေးတယ်။
ကြိုက်နှစ်သက်ရာမှာ အလွယ်တကူ သုံးနိုင်တဲ့အပြင် ဈေးနှုန်းကလည်း မနည်းမများမို့ လူသုံးများရခြင်းပဲ ဖြစ်ပါတယ်။

3G Audio Brand ကိုတော့  Sound Tech က မြန်မာပြည် တဦးတည်းကိုယ်စားလှယ် ယူထားတာဖြစ်ပြီး 

ဈေးနှုန်း အနေနဲ့က  Karaoke Speaker နဲ့ Amplifier တွဲလျက်ကို ကျပ် ၄ သိန်းကနေ ၅ သိန်း ဝန်းကျင်၊ တခုချင်းစီဆိုလည်း ၂ သိန်းကနေ ၃ သိန်းဝန်းကျင် ရှိပါတယ်။

 

  • Nightingale

Studio Monitor Speaker လေးတွေ ကတော့ သီချင်းဆို ဝါသနာပါသူတွေ  Studio မှာပဲဆိုဆို ကိုယ့်အိမ်မှာ ကိုယ်ပိုင်  Studio  အသေးစားလေး လုပ်ပြီး ဆိုဆို ဒီ စပီကာတွေက အသံထွက် အားကောင်းကောင်းနဲ့ ကိုယ့် စိတ်ကြိုက် Music ကို ကိုယ်ကြိုက်တဲ့သီချင်းတွေနဲ့ ကြိုက်သလို ပေါက်ကွဲ ခံစား သီဆိုနိုင်ပါတယ်။
လူကြိုက် များတဲ့ Brand Name  တွေကတော့ MACKLE, KRK, YAMAHA တို့ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ၃ သိန်းကနေ ဆယ်သိန်းကျော်တဲ့အထိ အစားစား ရှိတာ ကြောင့် ကိုယ်တတ်နိုင်တဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

Hip Hop, Pop, Jazz စတဲ့ ဂီတကို ကြိုက် နှစ်သက်တဲ့ လူငယ်တော်တော်များများကတော့  KRK, MACKLE စတဲ့  Brand တွေကို အကြိုက်များပြီး  YAMAHA Brand ကိုတော့ Classic, Rock စတဲ့ ဂီတကိုကြိုက်တဲ့ လူရွယ်၊ လူကြီးပိုင်းတွေ အကြိုက်များ ဝယ်ယူကြတယ်လို့ သိရပါတယ်။

နောက်တခု မိတ်ဆက်ပေးချင်တာတော့ Stereo Sound System  အကြောင်းပါ။ အလုပ်ထဲမှာ ပင်ပန်း လာတာ ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု များနေတာပဲ ဖြစ်ဖြစ် ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နားနား နေနေ ကိုယ်ပိုင်သီးသန့် ကမ္ဘာလေးထဲမှာ သီချင်းတွေ နားထောင်ပြီး မျောလွင့်  Relax လုပ်ချင်တယ် ဆို ရင်တော့ ဈေးနှုန်း ၄ သိန်း၊ ၅ သိန်းကနေ ဆယ် သိန်းကျော်တဲ့အထိ ဒါမှမဟုတ် ၃ သိန်းကနေ ၆ သိန်းကြား စတဲ့ ဈေးနှုန်းအစားစား ရှိတဲ့ DENON, Marantz, NIGHTINGALE, EDWARD AUDIO စတဲ့ Brand တွေကို ကိုယ်တတ်နိုင်တဲ့ ဘတ်ဂျက် ပေါ်မူတည်ပြီး ဝယ်ယူတပ်ဆင်နိုင်ပါတယ်။
 

ဒီလိုဆိုရင် ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး နားနားနေနေ သီချင်းတွေနားဆင်ပြီး ငြိမ့်လို့ရပြီပေါ့။

 

  •  QS1000

ဒါ့အပြင် အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Home Theater System အကြောင်းလည်း ပြောပြ ချင်ပါတယ်။ 

Home Theater System ကတော့ ၂၀ဝ၄ လောက်မှာ မြန်မာနိုင်ငံမှာ တပတ်နွမ်း  Used တွေအနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပြီး ၂၀ဝ၈ ခုနှစ် နောက်ပိုင်းမှာတော့ နိုင်ငံတကာကနေ  Brand New တွေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 


အိမ်မှာ နားနာနေနေ  Relax လုပ်လိုသူတွေအတွက် စိတ်အပန်းဖြေမှု အကောင်းဆုံးပေးနိုင်တဲ့  Entertainment တမျိုးပါပဲ။ 


ကိုယ့်အိမ်မှာ ကိုယ်ပိုင် Mini Theater ပုံစံလုပ်ပြီး ရုပ်ရှင်ကြည့်ပြီး အပန်းဖြေလို သူတွေ သီချင်းနားထောင်လိုသူတွေ၊ ဒါမှမဟုတ် စီးပွားဖြစ် လူအယောက် ၂၀ လောက်ဆံ့တဲ့ Mini Theater  ရုပ်ရှင်ရုံအသေးစား လုပ်ငန်းတွေ လုပ်ကိုင်လိုသူတွေ အဝယ်များ အကြိုက်များ ကြတဲ့ Brand တွေကတော့ Pioneer, DENON, Marantz, Blue Ray စတဲ့ Brand တွေပဲ ဖြစ်ပါတယ်။


 

  • Yamaha HS-5M

ဈေးနှုန်းအနေနဲ့က ကိုယ်ဆင်မယ့် ပစ္စည်း အမျိုးအစား  Brand တွေအပေါ် မူတည်ပြီး ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ အစားစားရှိပြီး ဒီ့ထက် မြင့်တဲ့ ဈေးနှုန်းတွေလည်း အစားစားရှိပါသေးတယ်။ အခု ဒီ Audio ပစ္စည်းတွေက အခု နောက်ပိုင်း လူတွေအသုံးပြုလာကြ တဲ့ စမတ်ဖုန်းတွေ၊ Tablet တွေ၊ I-padတွေ အစရှိတဲ့  IT Gadget တွေနဲ့ Bluetooth , Wifi အစရှိတာ တွေနဲ့ ချိတ်ဆက်ပြီးလည်း အသုံးပြု နိုင်ပါသေး တယ်။

ကိုယ်နှစ်သက်ရာ သီချင်းတွေကို အသံထွက် ကောင်းကောင်းနဲ့ နားထောင်ပြီး ငြိမ့်ချင်လို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ကားတွေကို ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ အသံကွာလတီနဲ့ အိမ်မှာ ဇိမ်ကျကျ ကြည့်လိုလို့ပဲ ဖြစ်ဖြစ် ဒီ ဆောင်းပါးလေးဖတ်ပြီး ဈေးနှုန်းတွေကို ချင့်ချိန်တွက်ဆလို့ စိတ်ကူး ဖဲရိုက်ကြည့်ကြပါဦး။


သီဟတိုး

 

 

ဈေးနှုန်းနဲ့အချက်အလက်တွေကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အပေါ်ဘလောက်မှာ ရှိတဲ့ "Sound Tech" Audio & Home Entertainment ဆိုင်ကနေ ရယူပါတယ်။


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved