ကလေးစစ်သား နောက်ထပ် ၉၁ ဦး တပ်ကနေထွက်ခွင့်ရပြီ

Friday, August 1, 2014

 ~




မြန်မာ့တပ်မတော်က ကလေးစစ်သား ၉၁ ယောက်ကို တပ်ကနေ သောကြာနေ့မှာ ထွက်ခွင့်ပြုလိုက်တယ်လို့  ကုလသမဂ္ဂ အဖွဲ့ခွဲတခုဖြစ်တဲ့ ယူနီဆက်ရဲ့သတင်းထုတ်ပြန်ချက်တခုမှာ တွေ့ရပါတယ်။



ဒီအရေအတွက်ကို ထည့်ပေါင်းမယ်ဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိမ်ပြန်နေခွင့်ပေးလိုက်တဲ့ ကလေးစစ်သားအရေအတွက်က ၃၆၄ ယောက် ရှိပါပြီ တဲ့။

ဒီအကြောင်း ဧရာဝတီသတင်း Burma Army Releases 91 More Child Soldiers မှာ ဖတ်နိုင်ပါတယ်။
လင့်က http://www.irrawaddy.org/burma/burma-army-releases-91-child-soldiers.html ဖြစ်ပါတယ်။

ကုလသမဂ္ဂက မြန်မာပြည်ကို ကလေးစစ်သားသုံးတဲ့ ကမ္ဘာ့နိုင်ငံ ၇ ခု စာရင်းထဲ ထည့်ထားဆဲပါ။
ဒါပေမယ့်လည်း ၂၀၁၁ မှာ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းနေတဲ့ မြန်မာအာဏာပိုင်တွေက ကလေးတွေကို စစ်တပ်တာဝန်ကနေ ရုပ်သိမ်းနေပါပြီ။

မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ခုကိုလည်း ကလေးစစ်သားစုဆောင်းနေတဲ့ အဖွဲ့တွေအဖြစ် ကုလသမဂ္ဂက သံသယရှိနေပါတယ်။

ဆက်စပ်ဖတ်ရန်

 http://blog.irrawaddy.org/2011/09/blog-post_2547.html

http://blog.irrawaddy.org/2011/03/blog-post_8366.html

သောကြာနေ့မှာ ထွက်လာတဲ့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ
ကလေးစစ်သား ၉၁ ဦး ဒီတပတ်ထဲ ရန်ကုန်ရောက်လာကြတယ်၊ အများအပြားကတော့ နှစ်ပေါင်းများစွာအတွင်း မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုပါပဲ လို့ ရေးထားပါတယ်။

ကလေးစစ်သား ထားရှိမှု အဆုံးသတ်ရေး အစီအစဉ်မှာ မြန်မာက လက်မှတ်ထိုးလိုက်တဲ့ ၂၀၁၂ ဇွန်လမှာတုန်းက ဒီလူငယ်တွေအားလုံး အသက် ၁၈ နှစ်အောက်ပဲ ရှိပါသေးတယ် တဲ့။

ထုတ်ပြန်ချက်မှာ ဆက်ရေးထားတာကတော့ သူတို့ကို အရပ်ဘက် သက်သေခံကတ်ထုတ်ပေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာတွေ လုပ်ပေးပါတယ် တဲ့။

ဒီခြေလှမ်းဟာ မြန်မာ့တပ်မတော်မှာ ကလေးတွေကို စုဆောင်းသိမ်းသွင်းတာတွေ မလုပ်ဆောင်စေဖို့အတွက် အရေးပါတယ်လို့ ယူနီဆက်က ဆိုပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved