စန္ဒီမြင့်လွင်နဲ့ အင်တာဗျူး

Monday, August 18, 2014

 ~

 




  •  သရုပ်ဆောင်၊ အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမ တကိုယ်တော်ခွေ ဆေးရောင် လှလှခြယ်ရအောင် အပြင်၊ ဒုတိယ တကိုယ်တော် “ရှော့ခ်” တေးစီးရီးနဲ့ပါ ပရိသတ်အားပေးမှု ရခဲ့ပါတယ်။ အခုလည်း ပရိသတ်လက်ထဲကို တတိယ တကိုယ်တော်အခွေ ဖြစ်တဲ့ ကလီယိုပက်ထရာ တေးစီးရီး စီဒီကို ပို့ပေးနိုင်ခဲ့ပါပြီ။ စန္ဒီမြင့်လွင်ဟာ လက်ရှိမှာ ကရီယိုပက်ထရာ ဗီစီဒီ အတွက် ဂီတလှုပ်ရှားမှုတွေ လုပ်နေပြီး ပရိသတ်ရင်ထဲမှာ နေရာထပ်ယူ နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။  ဧရာဝတီသတင်းထောက် မြတ်သူအောင်က သူနဲ့ တွေ့ဆုံပြီး သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းထားတာတွေထဲက ကောက်နုတ်  ဖော်ပြလိုက်ပါတယ်။


မေး။    ။ ဒီးဒီ (စန္ဒီမြင့်လွင်) ရဲ့ တတိယ တကိုယ်တော်ခွေ ဗီစီဒီကို ဘယ်လို ပုံစံနဲ့ ပရိသတ် လက်ထဲ ထည့်မှာလဲ။
ဖြေ။     ။ ဟုတ်ကဲ့၊ အကောင်းဆုံးတော့ ဖြစ်အောင် လုပ်ထားတယ်၊ ဘယ်လိုတွေ ဖြစ်မလဲတော့ မဟြေတတ် သေးဘူး။

မေး။     ။ ဒီးဒီရဲ့ ဗီစီဒီတွေကို လူငယ်တွေ စိတ်ဝင်စားကြတာ တွေ့ရတယ်၊ အခုနောက်ပိုင်း Rap မိန်းကလေး အဆိုပိုင်းမှာ ဒီးဒီက ဦးဆောင်နေတယ်လို့ ဟြေနိုင်တော့ ပရိသတ်ကို ဘယ်လိုခံစားမှုတွေ ပေးမယ်လို့ စဉ်းစားထားလဲ။
ဖြေ။     ။ ဒီးဒီ တတ်နိုင်သလောက် အကောင်းဆုံး၊ အတတ်နိုင်ဆုံးတော့ လုပ်ထားပါတယ်။

မေး။     ။ သီချင်းတွေကို ခံစားချက်အစစ်နဲ့ မဆိုချင်ဘူးလား။
ဖြေ။     ။ ခံစားချက်အစစ်နဲ့ ဘယ်လိုဆိုရမှန်းတောင် မသိဘူး။ ဒီးဒီက သီချင်းဆိုတာ ခံစားချက်က အရမ်းစစ်ရင် ထွက်မလာ တော့ဘူး။

မေး။     ။ ဆေးရောင်လှလှ ခြယ်ရအောင်နဲ့ ရှော့ခ် နှစ်ခွေထက် ဒီ တတိယ အခွေမှာ ဘယ်လို ဆန်းသစ်အောင် လုပ်ထားသေးလဲ။
ဖြေ။     ။ Title သီချင်း ကလီယိုပက်ထရာနဲ့တင် တော်တော် ဆန်းသစ်နေပါပြီ။

မေး။     ။ ကလီယိုပက်ထရာ ဆိုတဲ့နာမည်ကိုရော ဘယ်လို ပေးဖြစ်ခဲ့တာလဲ။
ဖြေ။     ။ ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး ပေးလိုက်တာပါ၊ (ရယ်လျှက်) မဟုတ်ဘူး၊ အရင်ကတည်းက ရှိနေတဲ့ သီချင်း အဟောင်းကို ဒီးဒီတို့က Remix ပြန်လုပ်ပြီး ဆိုလိုက်တာပါ။ အရင်တုန်းက ဆိုခဲ့တဲ့ ကလီရိုပက်ထရာ သီချင်းကို Rapping လုပ်ပြီး ဆိုတဲ့ ပုံစံပါ၊ အဲဒီလို သဘောပါပဲ။

မေး။     ။ ဘယ်လို ခံစားချက်တွေ ပါသေးလဲ ဟြေပါအုံး။
ဖြေ။     ။ ကလီယိုပက်ထရာရဲ့ အကြောင်းကို ကြားထဲကနေပြီး သူဟာ ဒီလိုမိန်းမ မဟုတ်ဘူး ဆိုတာကို ကလီယိုပက်ထရာ ငိုနေလားဆိုပြီး သူ့ဘက်ကနေ နှစ်သိမ့်တဲ့ သဘောပါ။

မေး။     ။ ကလီယို ပက်ထရာရဲ့ အချစ်အကြောင်းလား၊ ဘ၀ အကြောင်းလား။
ဖြေ။     ။ သူ့အကြောင်း အားလုံးပေါ့၊ သူ့ဘက်ကနေ ဒီးဒီတို့က ကာကွယ်ပြီး ဟြေပြတဲ့ ပုံစံပေါ့။

မေး။     ။ ဒီအခွေကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။     ။ မျှော်လင့်ပြီး ဖြစ်မလာရင် စိတ်ဆင်းရဲရမှာစိုးလို့ မမျှော်လင့်ပါဘူး၊ ဒီအတိုင်းလေးပဲ ကောင်းပါတယ်။

မေး။     ။ ပရိသတ်ကြိုက်အောင် လုပ်ထားတာလား။
ဖြေ။     ။ ဒီးဒီ ပရိသတ် မကြိုက်ကြိုက်အောင် ဆိုပြီး အတင်းကြီး မလုပ်ပါဘူး၊ ကံပါသလောက်ပေါ့နော်။

 


မေး။     ။ အခုလက်ရှိ အချိန်အထိ ဒီးဒီရဲ့စီဒီ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။     ။ မဆိုးပါဘူး။ ပရိသတ်ရဲ့ တုန့်ပြန်မှုလည်း ကောင်းပါတယ်။

မေး။     ။ ဗီစီဒီရိုက်တာ ဘယ်နှပုဒ်ပြီးပြီလဲ၊ ဘယ်တော့လောက် ထွက်ဖို့မှန်းထားလဲ။
ဖြေ။     ။ လေးပုဒ်လောက် ပြီးပါပြီ။ ဒီလာမယ့် ဆယ့်နှစ်လပိုင်း မကုန်ခင်လောက် ထွက်ဖို့ မှန်းထားပါတယ်။

မေး။     ။ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ကော နောက်ပိုင်း တွဲဆိုဖို့ ရှိသေးလား။
ဖြေ။     ။ ရှိတာပေါ့။

မေး။     ။ သူနဲ့ ရိုက်ဖြစ်တဲ့ ကလီယိုပက်ထရာ သီချင်းကိုရော စိတ်တိုင်းကျရဲ့လား။
ဖြေ။     ။ စိတ်တိုင်းကျပါတယ်။ ဒီးဒီတို့နှစ်ယောက် တိုင်ပင်ပြီး လုပ်ကြတာပါ။ Sky Star Night ဖျော်ဖြေပွဲမှာလည်း သူနဲ့ ကလီယိုပက်ထရာ သီချင်းတပုဒ် တွဲဆိုဖို့ ရှိပါတယ်။
 


(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved