ဧရာဝတီမြန်မာပိုင်းမှာ တပတ်အတွင်း အဖတ်အများဆုံးတွေကို အခုလို တွေ့ရပါမယ်။
ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး
ထူးအိမ်သင်သီချင်းတွေကို အကြီးအကျယ်ချစ်ကြသူတချို့ရဲ့ ကန့်ကွက်မှုများနဲ့ ပတ်သက်ပြီး ထူးအိမ်သင်ရဲ့ ရောင်းရင်းတယောက် ပြောပြတာတွေကို ဖတ်ရမှာပါ။
ကြွယ်ဝသူတွေကြားဆက်စပ်များအကြောင်း ရေးထားတာ ဖတ်ရပါမယ်
AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန် ကြွယ်ဝသူတွေရဲ့ ပြောဆိုချက်တချို့ကို စုစည်းထားပါတယ်။
ပုသိမ်တွင် အမျိုးသမီးတဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ဗိုလ်ကြီး တဦး စစ်ဆေးခံရ
အမည်မဖော်လိုသည့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ဝင် တဦးက“ဒီလူသတ်မှုကို ကျနော်တို့ ရဲတွေ ဖော်ထုတ်တာကို စစ်တပ်ပိုင်းက သိပ် သဘော မကျဘူး။ အပြစ်ပြောချင်တဲ့ သဘောတွေ ရှိတယ်။ ကျနော်တို့က တာဝန်အရ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရမှာပဲ။ တပ်ပိုင်းမှာလည်း ဒီလို ဗိုလ်ကြီးအဆင့်က လူသတ်မှု ကျူးလွန်ရမလား ဆိုပြီး လူကြီးတွေ အတော်လေး ဒေါသ ထွက်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်....
မုဒိမ်းမှုတွေ ဘာကြောင့် ပိုများလာတာလဲ ညစ်ညမ်း ဗီဒီယိုခွေများနှင့် ညစ်ညမ်း စာအုပ်များကို အလွယ်တကူ ဝယ်ယူရရှိနေခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲကြခြင်း၊ ဆန့်ကျင်ဘက် လိင်များနှင့် အရောတဝင်နေခြင်း စသည့် အကြောင်းအရာများမှ အစပြုကာ မုဒိမ်းမှုများ ဖြစ်ပွားလာကြောင်း၊ သက်ငယ်မုဒိန်းမှုများ ပိုမို များပြားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မုဒိမ်းမှုများ ကျဆင်းရေးအပေါ် သုံးသပ် အဖြေရှာထားချက်များအရ သိရသည် လို့ သတင်းမှာ ရေးပါတယ်။
စွမ်းအားရှင်၊ စစ်ထောက်လှမ်းရေးနှင့် စရဖ ဒါကတော့ စာအုပ်ဝေဖန်ချက်ဆောင်း ဖြစ်ပါတယ်။
.
0 comments :
Post a Comment