နေပြည်တော် အာဆီယံ အစည်းအဝေး တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်မယ်

Sunday, August 3, 2014

မြန်မာနိုင်ငံ နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ၁၁ ရက်နေ့ထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီလည်း တက်ရောက်မယ် လို့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောခွင့်ရ ကျင်ဂန်က သောကြာနေ့က ကြေညာလိုက်ပါတယ်။ 

 တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ၊ ဓာတ်ပုံ- ဝီကီပီဒီယား

နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲဖြစ်တဲ့ အာဆီယံ + တရုတ်- ဂျပန်- တောင် ကိုရီးယား နိုင်ငံ ခြားရေး ဝန်ကြီးတွေရဲ့  အစည်းအဝေးကို ဝန်ကြီး ဝမ်ရီက တက်ရောက်မှာဖြစ်တယ်လို့ ကျင်က ဆိုပါတယ်။ 

 မြန်မာနိုင်ငံဟာ အခု ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံအသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးလည်း ယူထား တာဖြစ်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီက 
မြန်မာနိုင်ငံ ကို အလည် အပတ်လာဖို့ ဖိတ်ကြားထားခဲ့ပါတယ်။ 

မစ္စတာ ဝမ်ရီဟာ အရင်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး တာဝန်ယူခဲ့ဖူးသလို ဂျပန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒီအပြင် ထိုင်ဝမ်ရေးရာရုံး ညွှန်ကြားရေးမှူး တာဝန်လည်း ထမ်း ဆောင်ဖူးပြီး ၂ဝ၁၃ ခုနှစ်ကမှ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသူပါ။ 

မစ္စတာ ဝမ်ရီဟာ Beijing International Studies University၊ Georgetown University၊ China Foreign Affairs University တို့မှာ ပညာသင်ကြားခဲ့သူလည်းဖြစ်ပါတယ်။ 

နေပြည်တော်မှာကျင်းပမယ့် ARF အစည်းအဝေး ကို မြောက်ကိုရီးယားကိုယ်စားလှယ်လည်း တက်ရောက်ဖို့ ရှိသလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီလည်း တက်ရောက်ဖို့ ရှိပါတယ်။ 


အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved