စာမေးပွဲရှိတဲ့ဇွန်သံစဉ် မယ်ပြိုင်ပွဲတခုလွတ်သွားပြီ

Wednesday, August 27, 2014


 ~




ပြီးခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲကာလမှာ ဇွန်သံစဉ်က   အွန်လိုင်းမှာ လူကြိုက်များတဲ့ အလှမယ် ဖြစ်ခဲ့ပါတယ်။  



  • ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ


ဇွန်သံစဉ်က အဲဒီပွဲမှာ သရဖူ မရရှိခဲ့ပေမယ့် Miss Famous, Miss Healthy Skin, Miss Beautiful Hair By Palmolive ဆုတွေ သိမ်းကြုံးရရှိခဲ့သူပါ။  (သရဖူ ရသွားသူက သျှားထွဋ်အိန္ဒြာ ဖြစ်ပါတယ်။)
ဇွန်သံစဉ် အဲဒီလို ဆုတွေ ရတဲ့အတွက်   သူ့ရဲ့ကျောင်းဖြစ်တဲ့ ရန်ကုန်မြို့ ယဉ်ကျေးမှုတက္ကသိုလ်က ဒီလဆန်းပိုင်းမှာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။ 

သူ့ပရိသတ် အများအပြားကတော့ ...  ဇွန်သံစဉ်ရဲ့ အပြုံးက လှတယ်။   လုပ်ယူပြီး   ပြုံးရတာမဟုတ်ဘူး  လို့   မှတ်ချက်ပြုကြပါတယ်။ ပရိသတ်တွေက ဇွန်သံစဉ် ချစ်‌သော အမာခံ Supporters  များ ဆိုတဲ့ အမည်နဲ့ အုပ်စုတခုကိုတောင်  ဖေ့စ်ဘုတ်မှာ ဖွဲ့ထားလေရဲ့။

အုပ်စု လိပ်စာက https://www.facebook.com/groups/245249178996926/ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ် ခေတ်မှာ ဇွန်သံစဉ်ကလည်း  ဖေ့စ်ဘုတ် သုံးသူပါ။

နောက်ထပ် အလှမယ်ပြိုင်ပွဲတခုကိုတော့ စာမေးပွဲချိန်နဲ့ တိုက်နေလို့ မ၀င်ဖြစ်ဘူးလို့  သူက အွန်လိုင်းမှာ ရေးပါတယ်။

မဖတ်ရသေးသူများအတွက် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

သူက ဒီခေတ် အမျိုးသမီးငယ်များရဲ့လေအတိုင်း ညီမ ဆိုတဲ့ နာမ်စားကို သုံးထားတာ တွေ့ရပါမယ်။

ညီမ ကို Miss World Myanmar ပြိုင် စေ ချင် သော ပရိ သတ် များ အ တွက် ဒီ စာ လေး တင် ပေး လိုက် ပါ တယ်
ညီ မ အမျိုးသား ယဉ် ကျေး မှုနှင့် အနုပညာ တက္ကသိုလ် မှာ နောက် ဆုံး နှစ် ရောက် နေ ပါ ပြီ
 နောက် ဆုံး နှစ် စာ မေး ပွဲ ကို Septemebr 11 မှ စ ပြီး ဖြေ ဆို ရ မှာဖြစ် တဲ့ အတွက် Miss World Myanmar ပြိုင် ပွဲ နှင့် တိုက် နေ သော ကြောင့် မ ပြိုင်ဖြစ် ခဲ့ တာပါ

ဘွဲ့  ယူ ဖို့ အ တွက် နောက် ဆုံး ဖြေ ဆို ရ တဲ့ စာ မေး ပွဲ မို့ နား လည် ပေး ပါ ချစ် ပရိသတ် ကြီး

စာ မေး ပွဲ ပြီး လျှင် ညီမ ပြိုင် ပွဲ တွေ ဆက် ပြီး ယဉ် ပြိုင် သွား ပါ မယ်

Miss Universe Myanmar မှာ အား ပေး သလို ဆက် ပြီး ပြိုင် ပွဲ တွေ ဝင် ပြိုင် ရန် အား ပေး ကြ တဲ့ အ တွက် အတိုင်း မသိ ဝမ်းသာ မိ ပါ တယ်

 ပြည် သူ ချစ်တဲ့  အနုပညာ ရှင် တ ယောက်ဖြစ် အောင် ကြိုးစား သွား ပါ မယ်
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved