မိုင်လေဆိုင်းရပ်စ်ရဲ့ဆု ကိုယ်စားလက်ခံယူသူကို ရဲကလိုက်ဖမ်းပြီ

Wednesday, August 27, 2014

မိုင်လေဆိုင်းရပ်စ်ရဲ့ ဆုကို ကိုယ်စား လက်ခံယူခဲ့သူ အိမ်ခြေမဲ့ လူငယ်ကို ရဲက ဖမ်းဆီးဖို့ လိုက်ရှာနေတယ် လို့ တိုင်းမ် မဂ္ဂဇင်း သတင်း တပုဒ် မှာ ရေးထားပါတယ်။ 


 မိုင်လေဆိုင်းရပ်စ်နှင့် သူ့ကိုစားဆုတက်ရောက် လက်ခံယူသူ အိမ်ခြေမဲ့ လူငယ် ဂျက်ဆီ၊ ဓာတ်ပုံ- တိုင်းမ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဗွီဒီယို ဆု ကို အဆိုတော် မိုင်လေဆိုင်းရပ်က သူ့ရဲ့ နာမည် ကြီး လူပြောများတဲ့ Wrecking Ball နဲ့ ရရှိခဲ့တာမှာ ဆုလက်ခံမှု မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့အစား ဆုကို လက်ခံဖို့ စင်ပေါ်ကို အသက် ၂၂ နှစ်အရွယ် အိမ်ခြေမဲ့ လူငယ်တဦးတက်ရောက်လက်ခံယူခဲ့ ပါ တယ်။ 

အဲဒီလို ဆုလက်ခံယူစဉ်မှာ My Friend’s Place ဆိုတဲ့ လော့စ်အိန်ဂျလိ့စ် အခြေ စိုက် အိမ် ခြေမဲ့ လူငယ်များဘ၀ အဆုံးသတ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းရဲ့ ရံပုံငွေ မြင့်တင်ရေး ကိစ္စ တိုက်တွန်း ပြော ကြားသွားခဲ့ပါတယ်။ 

မိုင်လေဆိုင်းရပ်စ်ရဲ့ သူငယ်ချင်း အိမ်ပြေး လူငယ်လေးဟာ ၂၀၁၀ ခုနှစ်က ရာဇ၀တ်မှုနဲ့ ရက်ပေါင်း ၃၀ အကျဉ်းကျခံ ခဲ့ရသူဖြစ်တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အဲဒီနောက် သူဟာ သတ်မှတ်ထားတဲ့ ခြွင်းချက်ကတိကို ဖောက်ဖျက်ခဲ့တာကြောင်း ၂၀၁၁ ခုနှစ်ကလည်း ရဲက သူ့ကို ဖမ်းဖို့ ၀ရမ်းထုတ်ခဲ့တယ်လို့ တိုင်းမ်သတင်းက ရေး ပါတယ်။ 

Jesse Helt ရဲ့ မိခင်ဖြစ်သူက အော်ရီဂွန်သတင်းစာတစောင်နဲ့ တနင်္လာနေ့က ပြောတာမှာ သူ့သားကို မိုင်လေ ဆိုင်း ရပ်စ်က ပိုက်ဆံပေးခဲ့လို့ သားဖြစ်သူဟာ အဲဒီငွေနဲ့ မိသားစုဆီ လာတွေ့ခဲ့ တာလို့ပြောပါတယ်။ 

ရဲကတော့  Jesse Helt ကို ဖမ်းဖို့ သူတို့ လိုက်ရှာနေတယ်လို့  သူ့မိခင်ကို  ပြောပါတယ်။ 

အိမ်ခြေမဲ့ လူငယ် Jesse Helt က မိုင်လေဆိုင်းရပ်စ်ရဲ့ ဆုကို လက်ခံယူစဉ်မှာ ပြောသွားတာက… 

“ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အိမ်ခြေမဲ့ လူငယ်ဦးရေ ၁.၆ သန်းရဲ့ ကိုယ်စား ဒီဆုကို လက်ခံယူနေ တာဖြစ်ပါတယ်။ ဒီ အိမ်ခြေမဲ့ လူငယ်တွေဟာ အစာငတ်မှုတွေရှိနေသလို လက်ရှိ ဘ၀တွေလည်း 
ပျောက်ဆုံးနေပြီး ကြောက် စရာ ကောင်းနေပါတယ်။ ကျနော် သိပါတယ်။ ကျနော်လည်း ဒီထဲက လူငယ် တဦးပါဘဲ။ ဒီမြို့တခွင် နေစရာနေရာတွေမှာ ကျနော်ရှင်သန်နေထိုင်ပါတယ်။ ဂီတ ထုတ်လုပ်မှု လုပ်ငန်းကြီး က ဒီနှစ်မှာ ဒေါ်လာ ၇ ဘီလျံကျော် ၀င်ငွေရနိုင်ပါတယ်။ ဒီ တံခါးတွေရဲ့ အပြင်ဘက်မှာ လူသား ၅၄၀၀၀ မှာ အိမ်ဆိုတဲ့ နေရာ ဘာမှ မရှိပါဘူး”   (ဂျက်ဆီ)

အိမ့်သံစဉ် ~












 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved