အနုပညာသမားရဲ့ စိတ်ကူး

Tuesday, August 19, 2014

အနုပညာသမားရဲ့ စိတ်ကူးကို သာမန်လူတွေအနေနဲ့ ခန့်မှန်းရခက်ခဲတတ်ပါတယ်။ အခု မြင်တွေ့ရမယ့် ဗွီဒီယိုထဲမှာ ပန်းချီဆရာ လူငယ် တဦးက လမ်းဘေးလူမြင်ကွင်းမှာ ပန်းချီကားတချပ်ကို ဆွဲနေပါတယ်။ 


သူ့ရဲ့ ဆွဲဟန်၊ ဈန်ဝင်စားမှုနဲ့ ဆေးရေးမှုတွေကလည်း စိတ်ဝင်စားစရာကောင်းသလို သူဆွဲနေတဲ့ ပန်းချီကား ဟာ ဘယ်ပုံ ဖြစ်လာမလဲဆိုတာ ပြီးဆုံးသွားခဲ့တာတောင် ခန့်မှန်းရခက်နေပါလိမ့်မယ်။ 

နောက်ဆုံးမှာတော့ ပန်းချီဆရာက သူ့ပန်းချီကားကို အပေါ်အောက်ပြောင်းပြီး ထောင်ပြလိုက်ချိန်မှာတော့ ကြည့်နေသူ ပရိသတ်တွေ အံ့သြစွာနဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူးမင်းသာ ဘရုစ် လီ ပုံဖြစ်နေ တာကို တွေ့ရပါလိမ့်မယ်။

  

အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved