ဒုဗိုလ်ချုပ်မှူးကြီး ရုရှားလက်နက်ပြပွဲသွားပြီ

Thursday, August 14, 2014

 ~




ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်စကိုနားမှာပြုလုပ်တဲ့ Oboronexpo 2014 လက်နက်ပြပွဲ  နဲ့ Tank biathlon  တင့်ကားပြိုင်ပွဲကို တက်မယ်လို့ ဒီနေ့ထုတ် သူ့ရဲ့ ရုရှားခရီးစဉ်သတင်းထုတ်ပြန်ချက်မှာ ရေးပါတယ်။

မနေ့က ရန်ကုန်ကနေ ရုရှားကို သွားခဲ့ပါပြီ။

 Oboronexpo 2014 လက်နက်ပြပွဲ အကြောင်း အွန်လိုင်းမှာ ရှာကြည့်တော့ အင်မတန်ကြီးမားတဲ့ ပြပွဲဖြစ်တာ တွေ့ရပါတယ်။
ရုရှား လက်နက်ကုမ္ပဏီ၂၅ဝ နဲ့ နိုင်ငံတကာလက်နက်ကုမ္ပဏီ ၁၁ ခု ပါဝင် ပြသနေပါတယ် တဲ့။

ရုရှားကိုလက်နက်ရောင်းတာ၊ ရုရှားကနေ လက်နက်ဝယ်ယူတာ မလုပ်ကြဖို့ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားပါတယ်။

သို့သော်လည်း ဒီပိတ်ဆို့မှုကြောင့် ဒီလက်နက်ပြပွဲတွေအပါအ၀င် လက်နက်ဈေးကွက်ကို အများကြီး ထိခိုက်မှာမဟုတ်ဘူး ဆိုတဲ့သဘော ရုရှားလက်နက်လုပ်ငန်းရှင်တဦးက ပြောဆိုကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ကမ္ဘာ့လက်နက်တင်ပို့မှုအများဆုံးနိုင်ငံ ၅ ခု

  • အမေရိကန်
  • ရုရှား
  • ဂျာမဏီ
  • တရုတ်
  • ပြင်သစ်

ကမ္ဘာ့ ထိပ်သီး လက်နက်ရောင်းသူများအဆင့်မှာ ပြင်သစ်ရဲ့ နံပတ် ၄ နေရာကို တရုတ်က ဝင်ယူသွားခြင်းဖြစ်ကြောင်း business-standard.com သတင်းတပုဒ်မှာ ရေးထားပါတယ်။

Tank biathlon  တင့်ကားပြိုင်ပွဲကတော့ တင့်ကားတွေ တံတား၊ မြစ်တို့ကို ဖြတ်ပြီး လက်နက်ကြီးငယ် ပစ်ပြ သရုပ်ပြတဲ့ပြိုင်ပွဲလို့ ဆိုပါတယ်။

ဒါကတော့ ဒုတိယကာချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အဖွဲ့ တက်မယ့် ပွဲ ၂ ခုအကြောင်း အကျဉ်းချုပ် ဖြစ်ပါတယ်။ 


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved