ခုလုပ်ပြမယ့် ခေါက်ဆွဲကြော်ကတော့ ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။
မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ပုဇွန်သုံးပြီးကြော်ပါတယ်။
တခြားနှစ်သက်ရာ အသားတစ်မျိုးမျိုးကို အစားထိုးလို့လည်း ရပါတယ်။
အသီးအရွက်အနေနဲ့ ကိုက်လံပါဝင်ပြီး အချိုနဲနဲကဲကာ စားလို့တစ်မျိုးကောင်းပါတယ်။
ဆန်ပြားခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ်ထားတာပေါ့။
ပါဝင်ပစ္စည်းများ
ပုဇွန် (အခွံခွာသန့်စင်ထားပါ) - ၈ ကောင်
ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်
ကိုက်လံ အနည်းငယ်
ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်
ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း
ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
ကြက်ဥ ၂လုံး
ကြော်နည်း
1. ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့်မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင်ကိုက်လံကိုပါ ထည့်ကြော်ပါ
2. နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ
3. တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါထည့်မွှေပေးပါ။
4. ပုဇွန်များကိုပါထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့်ကြော်ပေးလိုက်ရင်တော့ အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ
EVY's Kitchen အစားအသောက် စာမျက်နှာ http://www.evyfoodlover.com ကနေ ကူးယူ ဖော်ပြပါတယ်။
ဆက်စပ်http://burma.irrawaddy.org/entertainment/2014/09/06/64259.html
http://blog.irrawaddy.org/2013/05/blog-post_1547.html
.
0 comments :
Post a Comment