ငြိမ်းချမ်းရေးအတွက် ရက်သတ္တတပတ်ကြာ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို ရန်ကုန်မြို့မှာ တနင်္လာနေ့က အစပြုလိုက်ပါပြီ။
- (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
စက်တင်ဘာ ၂၁ မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ အစီအစဉ်ပါ။
ပထမဆုံး ရန်ကုန်-ဒလ သင်္ဘောပေါ်မှာ ကဗျာရွတ်ကြပါတယ်။
သဘောင်္ပေါ်မှာသာမက မြို့ပတ်ရထားပေါ်မှာလည်း ကဗျာရွတ်ဆိုခြင်းအစီအစဉ်ကို တွေ့ရပါလိမ့်မယ်။
စက်တင်ဘာ ၁၆ - တညင်းကုန်းဘူတာ
စက်တင်ဘာ ၁၈ - မနက်ပိုင်း တညင်းကုန်းဘူတာ၊ ညနေပိုင်း ပန်းဆိုးတန်းဆိပ်ကမ်း
စက်တင်ဘာ ၁၉ - ပန်းဆိုးတန်းဆိပ်ကမ်း
စက်တင်ဘာ ၂၀ - The River Ayeyarwaddy Gallery ၃၅လမ်း အလယ်ဘလောက်
စက်တင်ဘာ ၂၁ - မဟာဗန္ဒုလပန်းခြံ
တနင်္လာနေ့ ကဗျာချစ်သူများအသင်း(PLA)က ကဗျာရွတ်ဆိုပြီးစီးချိန်မှာ အနှောင့်အယှက်ဖြစ်ခြင်း ရှိမရှိ သင်္ဘောပေါ်မှာ လိုက်လံမေးမြန်းခဲ့ပါတယ်။
ခရီးသည်များ၊ ဈေးသည်များက စိတ်အနှောင့်အယှက်မဖြစ်ကြောင်း၊ ထိုသို့လှုပ်ရှားမှုများကို အားပေးကြောင်း၊ နောင်လည်း လာရောက်ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။
.
0 comments :
Post a Comment