ဘီယွန်ဆေးရဲ့ဘီကီနီပုံမှာ ဘာကိုပြုပြင်ထားသလဲ

Sunday, September 21, 2014

 ~





သရုပ်ဆောင် အဆိုတော် Beyonce ရဲ့ ဓာတ်ပုံထဲ ပေါင်တံတွေ  သွယ်လျလျဖြစ်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

 Beyonce ရဲ့ အင်တာနက်စာမျက်နှာမှာ တင်လိုက်တဲ့  မြွေအရေခွံဒီဇိုင်း ဘီကီဝတ်ဓာတ်ပုံကို ကြည့်ပြီး အဲဒီလို ဆိုနေကြခြင်းပါ။

လှေခါးကနေ ခပ်ပြုံးပြုံးလေး ဆင်းလာတဲ့ဒီပုံမှာ သူ့ပေါင်အတွင်းသား ခပ်ပါးပါး ထွင်းထားတာကတော့ သိသိသာသာပါပဲ။

နောက်ခံ လှေခါးထစ်က ပုံစံပျက်နေပါတယ်။

ပေါင်သားကို ထွင်းထားတာ မဟုတ်ဘူး ဆိုရင်တော့ လှေခါးထစ်တပ်ဆင်တဲ့လက်သမားတွေ အသုံးမကျတာပဲ ဖြစ်ပါလိမ့်မယ်။

လက်သမားတွေ အပြစ်မရှိဘူး ဆိုရင်တော့ ဓာတ်ပုံကို ပြုပြင်တဲ့ငနဲ သို့မဟုတ် ငနဲမ သောက်သုံးမကျဘူးလို့ ဆိုရမယ်။

သန်းကြွယ်သူဌေးဖြစ်ပြီး အကောင်းစား ကွန်ပြူတာသမား မငှားနိုင်ဘူးလားလို့  Beyonce ကို အပြစ်တင်သူတောင် ရှိလာနိုင်ပါတယ်။

သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသက် ၃၃ နှစ် ပြည့်သွားပါပြီ။

လူမည်း ဂီတသမားတွေထဲမှာတော့ ကြေးအများဆုံး ရသူပါပဲ။
Time ကလည်း သူ့ကို ပြီးခဲ့တဲ့နှစ်ရော ဒီနှစ်ရော ကမ္ဘာ့ သြဇာအကြီးဆုံး ၁ဝဝ စာရင်းထဲ ထည့်ထားတာပါ။

အနောက်ကမ္ဘာမှာ လူကြိုက်များတဲ့ သရုပ်ဆောင် အဆိုတော် Beyonce ဓာတ်ပုံထဲက ပေါင်တံ ပြုပြင်လို့ လူမိတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ကိုယ်နေဟန်ထားကြည့်ရတာ ဝဝဖိုင့်ဖိုင့် မဟုတ်ပါဘူး။ ပေါင်တံသွယ်သွယ် ဖြစ်ချင်တယ် ဆိုတော့ လူအများအပြားက ပေါင်တံသွယ်သွယ်မှ နှစ်သစ်ကြတယ်လို့ ယူဆတာကြောင့် ဖြစ်ပုံရပါတယ်။

ဆံပင်အရောင်ကလည်း ပြင်ဆင်ထားခြင်းပါ။ ရွှေရောင်ဆံပင်ကို ကြိုက်သူ အတော်များနေပါပြီ။

ဒီအဆိုတော်က အဆင်းအသွင်ကို ပြုပြင်ထားပေမယ့် သူ့သီချင်းထဲက သူ့အသံကတော့ အစစ်အမှန်ဖြစ်မယ်လို့ ထင်ရပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved