ကျောင်းသူ ဖြူနှင်းထွေး လွတ်မြောက်ရေး ရန်ကုန်မြို့မှာ ဆန္ဒပြ

Tuesday, September 30, 2014

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးနဲ့ ဗကသ 
ကျောင်းသူ မဖြူနှင်းထွေးကို အရေးယူထားမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ မန္တလေးနဲ့ ရန်ကုန်မြို့တို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ က ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ

အဆိုပါဆန္ဒပြမှုသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျတ်သိမ်းပေးရန် စီမံကိန်း ဧရိယာတွင် သပိတ် စခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် (၂၂) လပြည့်သည့်နေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားနှစ်ဦးကို ဆည်တဲရွာသူရွာသားများမှ ထိန်းသိမ်းခဲ့ မှုအပေါ် ဗကသကျောင်းသူမဖြူနှင်းထွေးအား ရာဇ၀တ်မှုဖြင့် အရေးယူခဲ့မှုကိုပါ ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ် သည်။

ရန်ကုန် မြို့မှာတော့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အလံဦးဆောင်ထားသည့် လူဦရေ ၁၅ ဦးခန့်သည် ဗကသကျောင်းသူ မဖြူနှင်းထွေး ချက်ခြင်းလွှတ်ပေးရန် ၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းပေး ရန်၊ သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းရာတွင် မီးလောင်ဗုံးတရားခံအရေးယူပေးရန် ၊ မတရားဖမ်းဆီးထောင် ချ ခံ ထားရသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများ ပြန်လွှတ်ပေးရန် ၊ လယ်ယာမြေပြဿနာ များ ဖြေရှင်းပေးရန် အစရှိသည့် တောင်းဆိုချက်များပါဝင်သည့် ပိုစတာများကိုင်ဆောင်ထားပြီးရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာရှေ့တွင်စတင်စုဝေးခဲ့ကာ ရွှေတိဂုံစေတီတော်အထိ ချီတတ်လမ်းလျှောက်ခဲ့ ကြကြောင်းသိရသည်။ 



















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved