ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

Tuesday, September 30, 2014

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 



အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။ 

 လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံဟာ ဆွေးနွေးရမယ့် ခေါင်းစဉ် တခုအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူး လို့ ဝန်ကြီးက ဆိုပါတယ်။ ဒီအကြောင်း သတင်း အပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်း http://www.irrawaddy.org/burma/burma-wants-country-un-human-rights-agenda.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင်းက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ ခွဲခြားမှု၊ အတူယှဉ်တွဲ မနေနိုင်ပဲ ရန်သူတွေလို သဘောထားနေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာ စစ်ပွဲတွေနဲ့ အခုထိ လူ့အခွင့် အရေးချိုးဖောက်နေမှုတွေကို ဝေဖန်သူတွေက ထောက်ပြနေကြ ပါပြီ။ 

 ဒီအပြင် မြန်မာနိုင်ငံ မြို့ပေါ်နဲ့ နယ်မြို့တွေမှာလည်း တားဆီးမှုတွေ၊ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုတွေနဲ့ မတရား ထောင်သွင်း အကျဉ်းချနေမှုတွေ ဆက်ရှိနေတယ်လို့လည်း ထောက်ပြနေ ကြပါပြီ။

ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကြားမှာလည်း လူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို အဓိက ချိတ်ဆက် ထင်ဟတ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် အခုထိ အစိုးရက ပြင်ဆင်ဖို့ မရှိသေးတဲ့ အပြင် ပြည်သူ ၅ သန်းကျော် လက်မှတ်ရေး ထိုး ဆန္ဒပြုတာတောင်မှ အခုထိ မထူးခြားသေးတဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပြီး တက်ကြွလှုပ်ရှား သူတွေကိုလည်း နည်းမျိုးစုံသုံး ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ ထောက်ပြနေကြပါတယ်။





.



1 comments :

  1. Anonymous said... :

    လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံဟာ ဆွေးနွေးရမယ့် ခေါင်းစဉ် တခုအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူး လို့ ဦးဝဏ္ဏမောင်လွင်ကဘာအတိုင်းအတာနဲ့ပြောတာလဲ?ကိုယ်ကိုယ်တိုင်မှာ ကောဘယ်လောက်အထိလူ့အခွင့်အရေးရှိသလဲဆိုတာပြန်စမ်းစစ်ပါအုံး.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved