ဒိုမီနိုနဲ့ ဖန်တီးမှု အနုပညာ

Friday, September 5, 2014

ဒိုမီနို သီဝရီအရ ဒိုမီနိုရိုက်ခတ်မှုဆိုတာဟာ ချိတ်ဆက် ပြန်လည်တုံ့ပြန်မှုတခုပါပဲ။ မူလ ပထမ သေးငယ်တဲ့ အပြောင်းအလဲ ဖြစ်ရပ်တခုဟာ  အနီးက ဖြစ်ရပ်တခုကို ရိုက်ခတ်ပြီး   နောက်ထပ် ရိုက်ခတ်မှုတွေက ဆင့်ကဲ သက်ရောက်ကြပါတယ်။ 




ဒီအယူအဆကို အခြေခံပြီး ဒါရိုက်တာ ဂျိမ်းစ် ဖရော့စ်နဲ့ အဖွဲ့က "Of the Blue Colour of the Sky" ဆိုတဲ့ အယ်လ်ဘမ်ထဲက "This Too Shall Pass" ဆိုတဲ့ သီချင်းကို ဖန်တီး ပုံဖော်ထားပါတယ်။ 

လော့စ်အိန်ဂျလိ့စ်က Echo Park မှာ အခု ရုပ်သံကို ရိုက်ကူးထားခဲ့ကြတာပါ။ 

စက်ယန္တရားတွေကို ဒိုမိုနို သက်ရောက်မှုနဲ့ ဆင့်ကဲဖြစ်စဉ် တွေကို အနုပညာမြောက်အောင် ဖန်တီးထားခြင်းလည်း ဖြစ်ပါတယ်။ 

အခု ယူကျူက ဗွီဒီယိုကို ကြည့်လိုက်တာနဲ့ ဖန်တီးသူတွေဟာ ဘယ်လောက်အချိန်ယူပြီး ဂီတနဲ့ချိတ်ဆက် ဖန် တီး ထားတယ်ဆိုတာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ 

အကြိမ်ကြိမ် စမ်းသပ်မှုတွေနဲ့ ဒိုမီနိုသက်ရောက်မှုကို အနုပညာ တခုလို ဖြစ်လာလို့ လုပ်ဆောင်ရမှာ မလွယ်ကူတဲ့ ရိုက်ကူးမှုဆိုတာလည်း ဧရာဝတီ ပရိသတ်တွေ သိနိုင်ပါမယ်။ 

သီချင်းရဲ့ သံစဉ်၊ သီချင်းရဲ့ ကြာမြင့်ချိန်၊ ဒိုမီနိုသက်ရောက်မှုနဲ့အချိန်ကိုက်အစီအစဉ် တကျ ဖြစ်ဖို့  ငွေကုန်
ကြေးကျခံပြီး ဖန်တီးမှုဟာ တကယ်ချီးကျူးစရာပါ။

  


အိမ့်သံစဉ် ~


















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved