သခင်သိန်းမောင် ( ဝါးခယ်မ) ကွယ်လွန်

Monday, September 29, 2014

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီး သခင် သိန်းမောင် ( ဝါးခယ်မ) အသက် ၉၆ နှစ်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့မှာ လူကြီး ရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက် သွားပါတယ်။ 


 သခင်သိန်းမောင်( ဝါးခယ်မ)၏ ၂ဝ၁၁ ခုနှစ်က မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ရစဉ်၊ ဓာတ်ပုံ- 88 GS

ဝါးခယ်မ သခင်သိန်းမောင်ရဲ့ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ မှာ 
ရေဝေး သုဿန်မှာ ကျင်းပဖို့ရှိပြီး မီးသဂြိုလ်မှာဖြစ်ပါတယ်။ 

မရမ်းကုန်းမြို့နယ် နေအိမ်က ကားတွေကိုတော့ ၂ နာရီခွဲမှာ စတင်ထွက်ခွာမယ်လို့ သိရပါတယ်။

ရက်လည် ဆွမ်းကျွေးပွဲ ကို အောက်တိုဘာလ ၃ ရက်နေ့ မနက် ၇ နာရီက နေ နေ့လယ် ၁၁ နာရီထိ ကျင်းပသွားမှာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက ဆိုပါတယ်။ 





အိမ့်သံစဉ် ~



.






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved