-
သူရဦးရွှေမန်းကို ၂၀၁၅ အလွန် သမ္မတအဖြစ် NLD က စိတ်ကူးနေတယ်ဆိုတဲ့သဘော ရေးထားတဲ့ သတင်းတပုဒ်အတွက် ဖြေရှင်းချက် ပေးဖို့ NLD က တောင်းဆိုထားပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) မှာ အဓိပ္ပာယ် လွဲမှားဖေါ်ပြချက်များ ရှိနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ဆိုပါတယ်။
ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ ယင်းစာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

အိမ့်သံစဉ် ~
0 comments :
Post a Comment