ထိုင်ခုံအကြောင်း ရောက်လာပြန်ပြီ

Wednesday, September 24, 2014


 ~



၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ  NLD ဘက်က သမ္မတလောင်း တင်သွင်းမှု အဆင်မပြေဘူး ဆိုရင် လက်ရှိ အာဏာရပါတီက ဗိုလ်ချုပ်ဟောင်းတယောက်ကို    ထောက်ခံဖွယ်ရှိတယ်လို့  NLD က ပြောဆိုပါတယ် တဲ့။

NLD ပါတီ ထိပ်တန်းတာဝန်ရှိသူတွေက  အဲဒီလို ပြောဆိုကြောင်း REUTERS သတင်းတပုဒ်မှာ ရေးပါတယ်။ အဲဒီ မူရင်းသတင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ
http://www.irrawaddy.org/burma/suu-kyi-blocked-nld-support-shwe-mann-president.html မှာ ဖတ်နိုင်ပါတယ်။
With Suu Kyi Blocked, NLD Could Support Shwe Mann for President
ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

One senior member of Suu Kyi’s party said it might give its backing for Shwe Mann, speaker of parliament and chairman of the ruling Union Solidarity and Development Party (USDP), to be put forward for the presidency. The USDP is made up of former military officers.

But that would risk angering many rank-and-file NLD members, including many who were imprisoned by the military. It could risk undermining support for the country’s most popular party and its leader.

“We believe there is no number two position in our party,” Han Tha Myint, a member of the NLD’s executive committee, told Reuters when asked why the party would not put up its own candidate.

အထက်ပါ သတင်းကောက်နုတ်ချက်အရ ဆိုရင် ထောက်ခံဖွယ်ရှိတယ်လို့ ပြောဆိုခဲ့သူဟာ ဦးဟန်သာမြင့် ဖြစ်နေပါတယ်။

NLD က ဦးရွှေမန်းကို ထောက်ခံမယ့်မူရှိတယ်ဆိုတဲ့သဘော ရေးသားချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုတယ်၊ တခြား ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့
ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့ကလည်း ငြင်းဆိုတယ်လို့ နောက်ဆက်တွဲသတင်းများမှာ ဖော်ပြထားပါတယ်။

ဒါဆိုရင် REUTERS သတင်းက ဘယ်နေရာမှာ နားလည်မှုလွဲသွားသလဲ မသိပါဘူး။

သေချာတာကတော့ ဒီသတင်းက ဒီနေ့အတွက် သတင်းထူးတပုဒ် ဖြစ်နေပါပြီ။
၂၀၁၅ အလွန် ဘယ်သူသမ္မတဖြစ်မလဲ ဆိုတဲ့ အကြောင်းအရာကိုလည်း ဒီရက်ပိုင်း ပြန်ပြီး ဆွေးနွေးစရာတခု ဖြစ်လာပါလိမ့်မယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ .... ဒီကနေ့ မန္တလေးမှာ ဦးသိန်းစိန်ကို ထောက်ခံကြတဲ့ပွဲတပွဲ လုပ်ကြပါတယ်။
ဒီအကြောင်း ဒီဘလော့မှာ ဦးသိန်းစိန် သမ္မတ တာဝန် ၅ နှစ် ထပ်ယူပါ  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။

 ထောက်ခံကြပုံတွေ နဲ့ အဲဒီပွဲအကြောင်းကို http://blog.irrawaddy.org/2014/09/blog-post_720.html မှာ ဖတ်ရှုနိုင်ပါတယ်။

၂၀၁၅ အလွန်လကာလမှာ သမ္မတ တာဝန် ထမ်းဆောင် လိုကြောင်း အများသိအောင် ပြောဆိုထားသူများကတော့ ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။

သူတို့လို ထုတ်ပြောမထားပေမယ့်လည်း ဖြစ်လာနိုင်ချေရှိတယ်လို့ အထင်ခံနေရသူကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါပဲ။

ဒီကုလားထိုင်ကို ဝိုင်းလုကြရမှာ ဒေါ်အောင်ဆန်းစုကြည် ရသွားရင် မြန်မာပြည်သားအများအပြားက ၀မ်းသာကြပါလိမ့်မယ်။

လက်ရှိ အခြေခံဥပဒေအတိုင်း ဆိုရင်တော့ ဗိုလ်ချုပ်ကြီးတယောက်ယောက် အဲဒီကုလားထိုင် ထိုင်ရပါမယ်။

ဗိုလ်ချုပ်ကြီးတွေရဲ့ ဘက်တော်သားများကလည်း ဘယ်သူ့ကို ဒီပေါ် တွန်းတင်ရမလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားတာမျိုး ဖြစ်ကောင်း ဖြစ်လာပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုရော  အထက်ဖော်ပြပါ ဗိုလ်ချုပ်ကြီး ၃ ယောက်ကိုပါ ဆန့်ကျင်တယ်လို့ ပြောဆိုသူလည်း အများအပြား ရှိမှာပါ။

အပြောင်းအလဲတခု ထပ်ဖြစ်မယ် သို့မဟုတ် မဖြစ်ဘူး ဆိုတဲ့ ၂၀၁၅ လည်း အင်မတန်မှကို နီးကပ်လာပါပြီ။

ဘယ်သူ ဒီကုလားထိုင် ထိုင်ရမယ် ဆိုတာကို ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ မြန်မာ့နိုင်ငံရေးကို အကွက်ကျကျ လုပ်ဆောင်ခဲ့သူများမှာ ဆုံးဖြတ်ချက် ရှိပြီးသား ဖြစ်နေမယ်လို့ ယူဆရပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved