ပြန်ပေးဆွဲမှုနဲ့ မဖြူနှင်းထွေး မသက်ဆိုင်ကြောင်း မိတ်ဆွေများ ပြောကြား

Monday, September 22, 2014


 ~




ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အထိန်းသိမ်းခံလိုက်ရတဲ့ မန္တလေးဘက်က တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေး လိုလားသူများထဲမှာ
သူစာသင်ပေးခဲ့တဲ့ လက်ပံတောင်းဒေသ ဆည်တည်းကျေးရွာမှာ နေထိုင်သူတွေက ထိပ်ဆုံးက ဖြစ်ပါလိမ့်မယ်။ 

 


  • မဖြူနှင်းထွေး  (Photo: Pyae Phyo)

မဖြူနှင်းထွေး ဘယ်သူလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Villagers, Activists Claim Innocence of Student Charged in Chinese Workers’ Kidnapping ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

 http://www.irrawaddy.org/burma/villagers-activists-claim-innocence-student-charged-chinese-workers-kidnapping.html မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။

ကောက်နုတ် ဖော်ပြရရင် ... မဖြူနှင်းထွေးက  ကြေးနီတူးဖော်ရေးစီမံကိန်းနယ်မြေ ၂၆ ရွာမှာ နေထိုင်သူတွေကို စာနာတဲ့ တက်ကြွလှုပ်ရှားသူတယောက်ပါ။

သူက ဆည်တည်းရွာက ကလေးတွေကို စာသင်ပေးသူလည်း ဖြစ်ပါတယ်။

အခုတော့ တရုတ်နိုင်ငံသား ကြေးနီစီမံကိန်း ဝန်ထမ်း ၂ ယောက်ကို ပြန်ပေးဆွဲတယ်ဆိုတဲ့အမှုနဲ့ ပတ်သက် ဆက်နွယ်ပြီး အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်ပါပြီ။

မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်တွေကတော့ သူ အဖမ်းခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်မတန် အံ့အားသင့်နေကြတာပါ။
ဟိုပြန်ပေးဆွဲမှုဆိုတာနဲ့ သူနဲ့ မည်သို့မျှ မသက်ဆိုင်ဘူးလို့ သူတို့က ဆိုပါတယ်။

ဆည်တည်းကျေးရွာနားက တုံရွာ ဒေသခံ မစန္ဒာ ပြောပြတာက ... သူ ကလေးတွေကို ကူညီနေတာ ၂ နှစ်လောက် ရှိပြီ။ မေလ ပြန်ပေးဆွဲမှုဆိုတာ ဖြစ်တဲ့အချိန်က သူက ကလေးတွေကို ကူနေတာပါ။ အဲဒီဖြစ်ရပ်မှာ သူ ဘယ်လို့မှ မသက်ဆိုင်ပါဘူး တဲ့။

မန္တလေး NLD က ကိုပြည့်ဖြိုးက မဖြူနှင်းထွေးကို မကြာသေးခင်က ထောင်ဝင်စာ တွေ့ခဲ့သူပါ။
မဖြူနှင်းထွေးက မိသားစုအကြောင်းကိုတောင် မမေးဘဲနဲ့ ဆည်တည်းရွာဒေသခံတွေ အဆင်ပြေမပြေ ဆိုတာပဲ မေးတယ်လို့ ပြောပြပါတယ်။

မဖြူနှင်းထွေးက လက်ပံတောင်းဒေသ မြေသိမ်းခံရသူတွေကို စာနာတယ်၊ အဲဒီလူတွေရဲ့အရေးအတွက် ဆောင်ရွက်ခဲ့တာ ၂၀၁၂ ကတည်းကလို့ သူက ဆက်ရှင်းပြပါတယ်။

မူရင်းသတင်းကို http://www.irrawaddy.org/burma/villagers-activists-claim-innocence-student-charged-chinese-workers-kidnapping.html မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။


မဖြူနှင်းထွေးအကြောင်း ဆက်စပ်သတင်းတချို့
http://burma.irrawaddy.org/news/2014/09/17/64739.html




 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved