၁၅ နှစ်သားရဲ့ အယ်ဇိုင်းမား လူနာစောင့်ရှောက်ရေးတီထွင်မှု

Saturday, September 20, 2014

၁၅ နှစ်သား လူငယ်တဦးရဲ့ အယ်ဇိုင်းမား (Alzheimer ) ဝေဒနာသည်တွေ ဘေးအန္တရာယ်ကင်းစေဖို့ တီထွင်မှု တခုပါ။ 




အသက် ၁၃ နှစ်သားနဲ့ ၁၈ နှစ်အကြား လူငယ်တွေပါဝင်ယှဉ်ပြိုင်တဲ့  နိုင်ငံတကာပြိုင်ပွဲ Google Science Fair ရဲ့ အခု ၂၀၁၄ ခုနှစ်မှာ ဆုရသူတွေစာရင်းကို တနင်္လာနေ့မှာ ကြေညာတော့မှာလို့ NYMAG.COM သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။

 နောက်ဆုံး ဇကာတင်သူတွေကလည်း တကယ့်ကို အံ့မခန်းတဲ့သူတွေချည်းပါဘဲ။ 

Scientific American Science in Action Award ဆုရှင် Kenneth Shinozuka ကတော့ အရမ်း ကို လေးစားဖွယ်ကောင်းတဲ့ တီထွင်မှုကို ရှင်းလင်းပြကာ ပြိုင်ပွဲ ဝင်ပါတယ်။ 

သူက အဘိုးဖြစ်သူ အယ်ဇိုင်းမားဝေဒနာသည်ကို ထိန်းသိမ်းစောင့်ရှောက်တာမှာ အခက်အခဲတွေ ရှိနေတာ ကို ကူညီ ဖြေရှင်းပေးမယ့် ပစ္စည်းကို တီထွင်တာပါ။ 

သူရဲ့ အဘိုးဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုမှာ ၅ သန်းကျော်ရှိတဲ့ အယ်ဇိုင်းမားဝေဒနာသည် တဦး လည်းဖြစ်ပြီး ဒီလို အယ်ဇိုင်းမားဝေဒနာသည်တွေကို ဆွေမျိုးတွေက စောင့်ရှောက်ရတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ 

သူ့ရဲ့ တီထွင်မှုက  အဘိုးနှုန်းချိုတဲ့ ပစ္စည်းပါ။ ဒီပစ္စည်းကို အယ်ဇိုင်းမားလူနာရဲ့ ခြေဖနောင့်နေရာမှာ ထား ရှိ ရမှာပါ။ 

လူနာက ကြမ်းပြင် ပေါ် ခြေချလိုက်တာနဲ့ အာရုံခံကိရိယာက ချက်ချင်း ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက် ထားတဲ့ မိုဘိုင်းဖုန်းကို အချက် ပေးမှာဖြစ်ပါတယ်။ နည်းပညာပစ္စည်း ၃ ခုဖြစ်ပါတယ်။ 

ပါးလွှာပျော့ပြောင်းပြီး ဝတ်ဆင်ရတာအဆင်ပြေတဲ့ ဖလင်ပြားတခု၊ စွမ်းအင်ခြွေတာရေး Bluetooth စနစ်သုံး အကြွေစေ့ အရွယ် ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာနဲ့ စမတ်ဖုန်းတွေဆီကို စောင့်ကြည့် အချက်
ပြပေးတဲ့ App တွေပါဘဲ။ 

အဘိုးဖြစ်သူနဲ့လက်တွေ့စမ်းသပ်တာ ၆ လ ရှိခဲ့ပြီး ရာနှုန်းပြည့် အစမ်းသပ်ခံစနစ်ဖြစ်တယ်လို့ သူက ပြော ပါတယ်။ သတိပေး အချက်ပြစနစ်ကလည်း အမှားအယွင်းလုံးဝ မရှိခဲ့ပါဘူးတဲ့။ 

ဒါကြောင့် သူ့ရဲ့တီထွင်မှု ပစ္စည်းနဲ့ အိမ်တွေ၊ ဆေးရုံတွေမှာ လူနာစောင့်ရှောက်တဲ့ နပ်စ်တွေ၊ မိသားစု
ဆွေမျိုးတွေရဲ့ စမတ် ဖုန်းတွေနဲ့ချိတ်ဆက်သုံးလို့ရနေပြီလို့လည်း ပြောထားပါတယ်။ 

ရှင်နိုဇူကာဆိုတဲ့ ဆယ်ကျော်သက် တီထွင်သူ လူငယ်လေး ရှင်းပြထားတဲ့သူ့တီထွင်မှုကိုလည်း ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

  


အိမ့်သံစဉ် ~





.









 

1 comments :

  1. Anonymous said... :

    "impressively practical invention" ဆိုတာကို "လေးစားစရာကောင်းတဲ့ တီထွင်မှု" လို့ ပြန်ထားတာ တွေ့ရတယ်။ impressively ဟာ practical ကို အထူးပြုတဲ့ adverb သာဖြစ်လို့ "လေးစားစရာကောင်းလောက်အောင် လက်တွေ့ကျအသုံးဝင်တဲ့ တီထွင်မှု" လို့သာ ပြန်သင့်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved