ထိုင်းမှာ ပြိုင်ပွဲဝင်နေတဲ့ အလှမယ်အမ်ဂျာဆိုင်းအတွက် ဝတ်စုံ

Saturday, September 20, 2014


 ~



 

ထိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲအလှမယ် အမ်ဂျာဆိုင်းအတွက် ဖန်တီးထားတဲ့   ဝတ်စုံကို ကြည့်ပါ။ ထူးထူးခြားခြား လှလှပပပါပဲ။

ဒီဇိုင်နာ မပုံ့ရဲ့လက်ရာလို့ ဆိုပါတယ်။

Miss Golden Land Myanmar အေဂျင်စီရဲ့ ဒီဝတ်စုံအကြောင်း ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
အွန်လိုင်းမဲပေးကြဖို့လည်း အေဂျင်စီက တိုက်တွန်းနေပါတယ်။


National Costume of Miss Grand Myanmar 2014 - M Ja Seng


Stop The War အတွက် ကျင်းပပြုလုပ်တဲ့ Miss Grand International ပြိုင်ပွဲကြီးရဲ့ ရည်ရွယ်ချက်နဲ့ အညီ
မြန်မာ-ကချင် ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ဆန်းသစ်တီထွင်ထားတဲ့ National Costume လေးပဲ ဖြစ်ပါတယ်...
နိုင်ငံတကာပြိုင်ပွဲကြီးတွေက သတ်မှတ်ပေးထားတဲ့ National Costume ရဲ့ အဂါင်္ရပ်များနဲ့ အညီ Traditional Dress ကို ဆန်းသစ်ဖန်းတီးပေးထားခြင်းဖြစ်ပါတယ်...
ရှေးမြန်မာဝတ်စုံကို အခြေခံပြီး ကချင် pattern များကို Designer က Handmade ပြန်ထိုးပြီး အနုစိတ်ဖန်းတီးပေးထားခြင်းဖြစ်ပါတယ်..
ကချင်ငွေမောင်းကွင်းများနဲ့ အလှဆင်ထားပြီး မြန်မာချိတ်များကို ဒီဇိုင်းသွင်းချုပ်လုပ်ထားပါတယ်...
ရှေးမြန်မာနတ်သမီးခေါင်းဆောင်းကိုလည်း ကချင်ရိုးရာအငွေ့ အသက်များနဲ့  ဆန်းသစ်တီထွင်ပြီး ဆောင်းထားပါတယ်..
ပုခုံးနှစ်ဘက်မှာရှိတဲ့ ရွှေဟင်္သာငှက်လေး (၂)ကောင် ကတော့ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ဆင်မြန်းပေးထားခြင်းဖြစ်ပါတယ်...
Golden Land လို့ ကမ္ဘာအလယ်နာမည်ကျော်ကြားတဲ့ ရွှေရောင်အမိမြန်မာနိုင်ငံတော်ကြီးကို ကိုယ်စားပြုတဲ့ ၀တ်စုံဖြစ်တာကြောင့် ရွှေရောင်ပုဝါကို တစ်ကိုယ်လုံး လွှမ်းခြုံပေးထားပါတယ်...

ယခုကဲ့သို့ ထူးခြားဆန်းပြားလှပတဲ့ Miss Grand Myanmar 2014 - M Ja Seng ရဲ့ National Costume ကိုတော့ Designer Ma Pont (My Favourite) က ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်...

Miss Grand International 2014 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ ကချင်တိုင်းရင်းသူလေး M Ja Seng အတွက် အောက်ပါ Link မှာ ၀င်ရောက် မဲပေးပြီး အားပေးကြရအောင် ....
Facebook Account တစ်ခုကို တစ်ကြိမ်သာ Vote လို့ ရပါတယ်...

  • VOTE FOR MISS MYANMAR >>>
http://www.missgrandinternational.com/?page=vote_detail&cont=163



 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved