အင်းစိန်အကျဉ်းထောင်မှာ ၁၉၉၀ ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး အကျဉ်းထောင်တွင်း မတရား ဖိနှိပ်ရိုက်နှက်ခံခဲ့ရတာ စက်တင်ဘာလ ၂၅ ရက်နေ့ဖြစ်လို့ Black September 25 လို့ ကင်ပွန်း တပ်ကြပါတယ်။
အဲဒီကာလ ထောင်တွင်းသပိတ်တိုက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေ၊ ဒီကိစ္စအကြောင်း သိလိုသူတွေနဲ့ စာနာကြတဲ့ သူတွေအနေနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် ၁၄/ ၁၅ လမ်းဆုံအနီး ဇဝနရပ်ကွက်၊ မဂ္ဂင်ကျောင်း တိုက်မှာ မနက် ၁ဝ နာရီကနေ ၁၂ နာရီထိ အထိမ်းအမှတ် ပွဲ တခု ကျင်းပ သွား မှာလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းဇော် ( သံလျှင် ) က ဧရာဝတီကိုပြောပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment