အီးမေးလ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ

Thursday, September 4, 2014



အင်တာနက်တွေ အသုံးပြုနေရင်း နီးနီး၊ ဝေးဝေး ရှိနေကြသူ တယောက်နဲ့ တယောက် အလွန်မြန်မြန် ဆန်ဆန် စာနဲ့ဆက်သွယ်တဲ့ အီးမေးလ်ဆိုတာကို တီထွင်ခဲ့သူကို သင်သိပါသလား။ 





 V.A. Shiva Ayyadurai၊ ဓာတ်ပုံ- ဝီကီပီဒီးယား 

တကယ်တော့ အီးမေးလ်ကို စတင်တီထွင်ခဲ့သူဟာ အိန္ဒိယနိုင်ငံ ဘုံဘေက တမီနွယ်ဖွား အသက် ၁၄ နှစ် အရွယ် အထက်တန်း ကျောင်းသား V.A. Shiva Ayyadurai ဆိုသူဖြစ်ပါတယ်။ 

သူက electronic office system ဆိုတဲ့ အီးမေးလ်ဆိုတာကို တီထွင်ခဲ့တာ ၁၉၇၈ ခုနှစ်ကပါ။ အဲဒီတုန်းက သူ့အသက်က ၁၄ နှစ်ပဲ ရှိသေးပြီး အမေရိကန်အစိုးရကလည်း သူ့ကို အီးမေးလ်တီထွင်ခဲ့တဲ့အတွက် တရား ဝင် အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားပါတယ်။ 

အီးမေးလ်တီထွင်မှုဟာ နည်းပညာခေတ်ကို ကြီးမားတဲ့ သမိုင်း မှတ်တိုင်တခု စိုက်ထူလိုက်တာလည်းဖြစ် သလို မဟာအပြောင်းအလဲကြီးလို့ လည်း ခေါ်လို့ ရပါတယ်။ အီးမေးလ် ကြောင့် ဘယ်လောက်ဝေးနေတဲ့ သူကို ဖြစ်စေ စက္ကန့်ပိုင်းအတွင်း ကိုယ်ပြောချင်တဲ့ ပို့ချင်တဲ့ စာတွေကို ပေးပို့နိုင်တာဖြစ်ပါတယ်။  

လူတွေက အသားမည်းမည်း ရွှေ့ပြောင်းအခြေချလာသူ လူငယ်လေး တဦးကို အီးမေးလ်တီထွင်ခဲ့သူပါလို့ အသိအမှတ်ပြုဖို့ ၀န်လေးနေတဲ့အကြောင်း သူ က ပြောဆိုထားပါတယ်။ 

သူနဲ့ HuffPost သတင်းဌာနနဲ့ တိုက်ရိုက်အင်တာဗျူးလုပ်တာမှာ သူပြောသွားတဲ့ မူးရင်းစကားက အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းတာကြောင့် မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ 

"After that took place, you have a sense of disbelief among people that comes from not so much the technology issue, but there’s a lot of economic issues associated here," he continued. "[The discovery] wasn't done at MIT; it wasn’t done at the military; it wasn’t done at a big institution. It was done in Newark, NJ, one of the poorest cities in the United States. It was done by a dark-skinned immigrant kid, 14 years old." 

အိန္ဒိယနိုင်ငံ ဘုံဘေမှာ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က မွေးဖွားခဲ့ပြီး ၇ နှစ်သားမှာ မိသားစုနဲ့ အတူ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်း အခြေချ နေလာခဲ့သူတဦးလည်း ဖြစ်ပြီး အခုတော့ Ph.D ဘွဲ့ရခဲ့ ပြီးကာ အမေရိကန် သိပ္ပံ ပညာရှင်တဦးလည်းဖြစ်နေသူပါ။ 

သူဟာ ကျန်းမာရေးဆိုင်ရာ နည်းပညာသစ်တွေ ကိုလည်း တီထွင်ဖန်တီးခဲ့သူဖြစ်ပါတယ်။


အိမ့်သံစဉ် ~ 


 ဧရာဝတီ Facebook / ဧရာဝတီ Twitter








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved