Documentary ရိုက်မယ့် နွေးနွေးစိန်မြင့်

Friday, September 26, 2014


 ~






သရုပ်ဆောင် စိန်မြင့်နဲ့ အကယ်ဒမီ ဆွေဇင်ထိုက်တို့ရဲ့ တဦးတည်းသောသမီး နွေးနွေးစိန်မြင့်က အမေရိကားကနေ အမေ့ရင်ခွင်ကို ခေတ္တပြန်လည် ခိုလှုံရင်း သူတတ်မြောက်ထားတဲ့ ရုပ်ရှင်အတတ်ပညာများကို ဖြန့်ဝေပေးသွားမှာ ဖြစ်သလို မိခင်ရဲ့အစီအစဉ်နဲ့ Documentary တခုကိုလည်း ရိုက်ကူးသွားမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

  “မြန်မာနိုင်ငံကို ပြန်လာတာက အမေ့ကို ကူဖို့ပါ။ အမေက CSG ဆိုပြီး ကုမ္ပဏီ ထောင်ထားတယ်။
အဲဒီမှာ နွေးနွေးက Production ပိုင်းအတွက် အမေက CEO ရာထူးပေးတယ်။
လောလောဆယ်မှာ Production အဖွဲ့သားတွေကို သင်တန်းပေးနေတယ်။
သူတို့က တတ်ပြီးသားတွေ ဖြစ်ပေမယ့် စနစ်တကျ သင်ခဲ့တာမဟုတ်တော့ မှားတဲ့ဟာလေးတွေ ရှိတယ်။
အဲဒါတွေကို Train တွေလုပ်ပေးနေတယ်။
 ပြီးရင်တော့ Production ပိုင်းတွေ၊ ဆက်လုပ်သွားမယ်။
သူတို့ကို သင်ပြပေးတယ်ဆိုတာလည်း သူတို့က တတ်ပြီးသားတွေ။
 ဒါပေမယ့်လည်း အတတ်ပညာ ကျောင်းအနေနဲ့ နှစ်ချီပြီး သင်တန်းတက်ခဲ့ရတာ မဟုတ်တော့  တိတိကျကျ လုပ်ရမယ့် အပိုင်းတွေမှာ အမှားတချို့ ရှိတဲ့အတွက် ကိုယ့်အဖွဲ့သားတွေကို တတ်နိုင်သလောက် တတ်ထားတဲ့ ပညာတွေ ပြန်လည်မျှဝေပေးနေတယ်”
လို့ နွေးနွေးစိန်မြင့်က ပြောပြခဲ့ပါတယ်။

နွေးနွေးစိန်မြင့်က ဆန်ဖရန်စစ္စကိုမှာ Academy of Art မှာ မာစတာနဲ့ ဘွဲ့ရခဲ့တာဖြစ်ပြီး အထူး သင်ကြားခဲ့တာကတော့ Script of Lighting ပိုင်းကို ထပ်ပြီး သင်ယူခဲ့တယ်။
  ဟိုအရင်တုန်းက 8 Millimetre နဲ့ 16 Millimetre နဲ့ ရိုက်တာတို့ကို သင်ပြီးတော့မှ Digital ဘက်ကိုကူးတာ။
အဲဒီမှာမှ Documentary ရိုက်တဲ့အပိုင်း၊ ရုပ်ရှင်ကိုရိုက်တဲ့အပိုင်း ခွဲထားတယ်။
 နောက်ထပ်လည်း ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းတွေအားလုံးကို သင်ပေးတယ်။ အကောင်းဆုံး ကြိုးစားခဲ့တဲ့အတွက် အတန်းတော်တော်များများမှာ A အဆင့်ရခဲ့တယ်။
အဲဒီအထဲမှာ မှ Script of Lighting ကို အထူးကြိုးစားခဲ့တဲ့အတွက် ဒီအပိုင်းကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်ခဲ့တာဖြစ်တယ်။

 ဒါကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အချိန် အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားတဲ့ Laurel Art Academy အနုပညာ
သင်တန်းကျောင်းမှာ ကျောင်းသားများကို သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး နှစ်ကြိမ် သွားရောက်သင်ကြားပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 အခုလောလောဆယ် မန္တလေးကိုသွားပြီး Documentary တခုကို သွားရိုက်မယ်။
 ရိုက်သွားမယ့် Title ကိုတော့ ပြောလို့မရသေးတဲ့အတွက် ပြောလို့ရတာနဲ့ ပြောပါမယ်။
လူတွေအကုန်လုံး အသုံးပြုနေတဲ့ ပစ္စည်းတခုနဲ့ ပတ်သက်ပြီး အဲဒီပစ္စည်းရဲ့ History ကို လူတိုင်းမသိကြသေးတဲ့အတွက် အဲဒီပစ္စည်းနဲ့ ပတ်သက်ပြီး ရိုက်ကူးပေးသွားမယ်။
 သုံးရက်လောက် ရိုက်ရမယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ မန္တလေးကိုသွားပြီး မိနစ်သုံးဆယ်စာလောက် Short Film နဲ့ တနာရီစာ အပိုင်းတိုကို
သုံးရက်နဲ့အပြီး ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ရိုက်ခဲ့မယ်လို့ နွေးနွေးစိန်မြင့်က ပြောပြခဲ့ပါတယ်။

လင်းနိုင်ဦး

  စက်တင်ဘာ ၂၂  ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved