ခေတ်စားလာတဲ့ Hip Hop ဖက်ရှင်

Monday, September 29, 2014


 ~








 Hip Hop ဂီတကို ကြိုက်နှစ်သက်တဲ့ ဒီနေ့ ခေတ်ရေစီးကြောင်းထဲက Hip Hop Crazy လူငယ်တွေအတွက် အထာကျပြီး ဒီဇိုင်းလန်းတဲ့ Hip Hop Fashion ဝတ်စားမှုပုံစံမျိုးကို ဟစ်ဟော့ရှိုးပွဲတွေမှာသာမကဘဲ အပြင်မှာလည်း သဘောကျ နှစ်ခြိုက်စွာနဲ့ တွင်တွင်ကျယ်ကျယ် ဝတ်စားလာကြတာကို တွေ့မြင်နေရပါပြီ။

အခုဆိုရင် Hip Hop နဲ့ ပတ်သက်တဲ့ ဖက်ရှင်အဝတ်အစား အင်္ကျီ၊ ဘောင်းဘီတွေအပြင် Hip Hop Fashion မှာ မပါမဖြစ် Rapper ဦးထုတ်၊ Hip Hop Culture အရ Bling Bling လို့ ခေါ်တဲ့ အရောင်ပြိုးပြိုးပြက်ပြက် ဆွဲကြိုး Accessories တွေ၊ ဖိနပ်တွေ စသဖြင့်ရှိတဲ့အထဲမှာ ဦးထုပ်၊ ဆွဲကြိုး၊ အကျီ င်္ အချို့မှာ မြန်မာနိုင်ငံပုံနဲ့ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand တခု ထွင်ပြီး ထုတ်ထားတဲ့ Hip Hop Fashion တွေ ဝတ်လာကြတာကိုလည်း တွေ့ရပါတယ်။ 

ဒီပစ္စည်းတွေကို အွန်လိုင်းကနေတဆင့် ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံ၊ အရောင် အစရှိတာတွေကို ရွေးချယ်ပြီး ဝယ်ယူလို့လည်း ရပါတယ်။  ရန်ကုန်မှာတော့ ဒီလို Hip Hop Fashion ချည်းပဲ သီးသန့်ရောင်းချတဲ့ Hip Hop Fashion Shop တွေ သိပ်မရှိသေးပါဘူး။  ဟစ်ဟော့အဆိုတော် SZ ဖွင့်ထားတဲ့ “RUN Ygn”၊ နာမည်ကြီး ဟစ်ဟော့အဆိုတော် အဖွဲ့တဖွဲ့ဖြစ်တဲ့ Snare အဖွဲ့မှ အဆိုတော်ဖြိုးလေး ဖွင့်ထားတဲ့ “Genius” နဲ့ အဆိုတော်နေဝင်း ဖွင့်ထားတဲ့ “OMG” တို့လောက်သာ ရှိတာကို တွေ့ရပါတယ်။

တခြားသောဆိုင်တွေမှာ Hip Hop နဲ့ ပတ်သက်တဲ့ ဖက်ရှင်ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ဖိနပ်၊ ဦးထုပ်၊ Bling Bling စသဖြင့် ရနိုင်ပေမယ့် တခြားဖက်ရှင်ပုံစံတွေနဲ့ပါ တွဲရောင်းတဲ့ပုံစံမျိုး ဖြစ်တာကြောင့် Hip Hop Fashion အတွက် တနေရာတည်းမှာ ပစ္စည်းတွေအားလုံး မရနိုင်သေးတဲ့ အခက်အခဲကတော့ ရှိနေပါသေးတယ်။ 

နာမည်ကြီး ဟစ်ဟော့အဆိုတော်တွေကိုယ်တိုင် ဖွင့်ထားတဲ့ ဟစ်ဟော့ဖက်ရှင် သီးသန့်ဆိုင်တွေလည်း ဖြစ်ပြီး ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand၊ ကိုယ်ပိုင် Logo တွေနဲ့လည်း အင်္ကျီ၊ ဦးထုပ်၊ Bling Bling စတာတွေကို ထုတ်လာကြတော့ ဟစ်ဟော့ဂီတကို ကြိုက်တဲ့ မြန်မာလူငယ်ပရိသတ်တွေအတွက်လည်း ကိုယ့်နိုင်ငံက ကိုယ်ပိုင်ဒီဇိုင်းတွေကို ဟစ်ဟော့ရှိုးပွဲတွေမှာ ဝတ်ဆင်လာကြတာကိုပါ တွေ့ရတယ်။

ကိုယ်ပိုင် Brand၊ ကိုယ်ပိုင် Design ဆိုတဲ့ နေရာမှာ “OMG” Hip Hop Fashion ဆိုင်ကတော့ မြန်မာ ဆိုတာကို တခြားနိုင်ငံက Hip Hop ဂီတသမားတွေပါ သိရှိအောင် မြန်မာနိုင်ငံ မြေပုံပုံစံကို Bling Bling တွေမှာနဲ့ ဦးထုပ်၊ အကျီ င်္ တွေမှာ ထည့်သွင်းပြီး ထုတ်လုပ်ပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံ မြေပုံအရောင်ကိုလည်း မြန်မာကို ကမ္ဘာက “The Golden Land” ရွှေနိုင်ငံလို့ လူသိများတာကြောင့် ရွှေရောင်ထွင်းပြီး ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ New York City, Bronx ဒေသက အာဖရိကန် အမေရိကန် လူငယ်တွေကြားကနေ စတင်ပေါ်ပေါက်လာခဲ့တဲ့ Hip Hop Music နဲ့ Hip Hop Culture ဟာ မြန်မာနိုင်ငံမှာတော့ အက်ဆစ်၊ သီအိုရီ အစရှိတဲ့ ဟစ်ဟော့အဖွဲ့တွေကနေတဆင့် ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာ စတင် ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

ဟစ်ဟော့ရဲ့ 1st  Generation မှာ အင်္ကျီပွပွ၊ ဘောင်းဘီပွပွတွေကိုမှ New Era  ဒီဇိုင်းမျိုးတွေ ဝတ်ဆင်ခဲ့ကြပြီး သီချင်းပုံစံတွေကလည်း အခု 2nd Generation တွေနဲ့ အနည်းငယ် ပုံစံကွဲပါတယ်။  1st Generation Hip Hop ဂီတသမားတွေရဲ့ သီချင်းပုံစံ၊ ဝတ်ပုံစားပုံတွေကို Old School လို့ ခေါ်ပြီး ၁၉၈၀ ကျော်လောက်က စခဲ့တယ်လို့ ပြောလို့ရတဲ့ 2nd Generation Hip Hop ကိုတော့ New School လို့ ခေါ်ပါတယ်။ 

အဝတ်အစားဒီဇိုင်းမှာလည်း အခုနောက်ပိုင်း New School ဒီဇိုင်းတွေက New Era ဦးထုပ်မျိုးကို မဝတ်ကြတော့ဘဲ Snapback ဦးထုပ်ပုံစံမျိုးတွေ အဝတ်များလာကြသလို အဝတ်အစားဆိုရင် အရင်ကလည်း အကျီ င်္ပွပွ၊ ဘောင်းဘီပွပွ ပုံစံမျိုးမဟုတ်တော့ဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ Cutting ကျတဲ့ ပုံစံမျိုးတွေ ဝတ်လာကြတာကို တွေ့ရပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေထဲက Hip Hop ဂီတကို ကြိုက် နှစ်သက်တဲ့ Hip Hop Crazy လူငယ်တွေအတွက် လတ်တလော ခေတ်စားနေတဲ့ Snapback ဦးထုပ်ပုံစံအမျိုးမျိုးနဲ့ OMG Fashion က ကိုယ်တိုင်ထုတ်ထားတဲ့ ရွှေမြန်မာ Logo နဲ့ Snapback, Bling Bling စတာတွေကို ရိုက်ကူး ဖော်ပြပေးလိုက်ပါတယ်။  

ပုံမှာပြထားတဲ့ Hip Hop ဖက်ရှင်အတွက် Snapback တွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကို အမှတ် (၁၄၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၇ လမ်းထိပ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “OMG” Hip Hop Fashion World (Retail & Wholesale) မှာ သွားရောက် ရိုက်ယူထားတာဖြစ်ပါတယ်။
 

သီဟတိုး
 




 ၉,ဝဝဝ

 ၁၂,ဝဝဝ
 အင်္ကျီ  ၁၂,ဝဝဝ၊ ဘောင်းဘီ  ၁၅,ဝဝဝ


  ၁၂,ဝဝဝ


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved