iPhone ကို ကြိုတင်မှာယူမှု ပထမနေ့မှာ ၄ သန်း ရှိသွားပါပြီ

Thursday, September 18, 2014


 ~




ဒီရက်ပိုင်း မိတ်ဆက်ပေးလိုက်တဲ့ iPhone အသစ်တွေကို ၀ယ်ဖို့ မှာယူထားသူ များပြားလွန်းတဲ့အတွက် ကိုယ့်လက်ထဲရောက်ဖို့ လာမယ့်လအထိ စောင့်ဆိုင်းကြရမယ်လို့
Apple  က ပြောပါတယ်။


  • Apple ရဲ့ အွန်လိုင်းစာမျက်နှာ မြင်ကွင်း တစိတ်တဒေသ

ကြိုတင် မှာယူသူ အရေအတွက်က လေးသန်း ရှိတယ်လို့ ဆိုတဲ့အတွက် စံချိန်တင် မှာယူမှုလို့
ဆိုကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်  iPhone 5 ထွက်တဲ့အချိန်ကထက် ကြိုတင်ဝယ်ယူမှုနှုန်းထား ၂ ဆ  များပြားတဲ့သဘောပါ။
အဲဒီတုန်းက ပထမနေ့မှာတင် ၂ သန်း ဝန်းကျင် ရောင်းရတယ်၊ ရက်ပိုင်းအတွင်း ရောင်းရတဲ့အရေအတွက်က ၅ သန်း ရှိတယ်လို့ ဆိုတယ်။

မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ iPhone တွေကတော့ ပထမပတ်မှာ ၉ သန်း ရောင်းရဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အ၀ယ်လိုက်နေတဲ့ iPhone 6 နဲ့  iPhone 6 Plus တို့က မျက်နှာပြင် ပိုကျယ်တယ်၊ ဘက်ထရီသက်တမ်း နာရီပိုများပါတယ်။

iPhone 6  မှာ အပလီကေးရှင်းတွေ ဒေါင်းလုတ် လုပ်မယ်၊ ပုံတွေ အသံဖိုင် ရုပ်သံဖိုင်တွေ သိမ်းမယ် ဆိုသူတွေအတွက် ပေးထားတဲ့ သိုလှောင်နိုင်စွမ်းပမာဏက  ငွေကုန်နိုင်ရင် ကုန်နိုင်သလို 128 GB အထိ ရှိပါလိမ့်မယ်။



မြန်မာပြည်မှာ အော်ရီဒူး တယ်လီနောတို့ ရှိသလိုပဲ  အမေရိကန်မှာလည်း AT&T, T-Mobile,  Sprint စသဖြင့် ဝန်ဆောင်မှုပေးတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ နာမည်ကြီးပါတယ်။

Business Insider အွန်လိုင်းစာမျက်နှာကို AT&T  ကုမ္ပဏီက ပေးပို့တဲ့ နှုန်းထားတွေကတော့ အထက်ပါအတိုင်းပါပဲ။   

လစဉ်ကြေးနဲ့ဆို ဘယ်လောက်သွင်းရမယ်၊ ဂျီဂါဘိုက် ဘယ်လောက်အထိ ရှိမယ် ဆိုတာတွေကိ အဲဒီဇယားမှာ ကြည့်နိုင်ပါတယ်။

တခြားသော  ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကတော့ ရွေးချယ်စရာ ဒီလောက် မများဘူးလို့ ဆိုပါတယ်။



iPhone အသစ်အကြောင်း ဖတ်စရာတချို့


iPhone 6, iPhone 6 Plus နဲ့ Applewatch တို့ ထွက်ပြီ
http://blog.irrawaddy.org/2014/09/iphone-6-iphone-6-plus-applewatch.html


iPhone 6 ဝယ်ဖို့ ဆယ်ရက်ကျော်ကြာ ကြိုတင် တန်းစီခြင်း
http://blog.irrawaddy.org/2014/09/iphone-6.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved