ဒီလထုတ် The Irrawaddy မဂ္ဂဇင်း ထွက်နေပါပြီ

Wednesday, September 3, 2014



 ~



အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ အလုပ်လုပ်နေတဲ့ ဒေါက်တာခင်မာမာကြည်နဲ့ အင်တာဗျူး၊
မြန်မာ့နိုင်ငံရေးနဲ့ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒ သုံးသပ်ချက် ဆောင်းပါး၊
ထိုင်းထောင်တွေထဲက ထိုင်းလက်ဝှေ့ စတာတွေကို ဒီလထုတ် The Irrawaddy မဂ္ဂဇင်း ရှေ့ဆုံး စာမျက်နှာတွေမှာ ဖတ်ရပါမယ်။

အဲဒီနောက် မြန်မာဗိုလ်ချုပ်တွေရဲ့ မိသားစုချင်း ဆက်နွယ်မှုအကြောင်း ဆောင်းပါးမှာတော့ ဦးနေဝင်းမိသားစု၊ ဦးတေဇမိသားစုတို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဖော်ပြထားပါတယ်။

အာရှနိုင်ငံတွေမှာ အာဏာရှင်တွေဖန်တီးတဲ့ ဒီမိုကရေစီမျိုးမဟုတ်ဘဲ တကယ့် ဒီမိုကရေစီ ဖြစ်ထွန်းသင့်တယ် ဆိုတဲ့ ဆောင်းပါး၊
ဂျော့ခ်ျအိုဝဲလ်ကို ဘန်ကောက်တွင် ရှာဖွေခြင်း ဆိုတာတွေ နောက်မှာတော့ စီးပွားရေးကဏ္ဍအင်တာဗျူး၊ ဆောင်းပါးတွေ ဖတ်ရပါမယ်။

အာရှဒေသတွင်းဆောင်းပါးတပုဒ်မှာတော့ တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်ချိရေးနဲ့ ရုပ်သံဇာတ်လမ်းတွဲအကြောင်း ရေးထားပါတယ်။

Lifestyle စာမျက်နှာမှာတော့ မြန်မာပြည် အဆိုအကသမား၊ ဖက်ရှင်ဒီဇိုင်နာ၊ အယ်ဒီတာ စတဲ့ လူငယ် ၅ ဦးရဲ့ပုံရိပ်တွေကို တွေ့ရမှာပါ။
အဲဒီ စာမျက်နှာအကြောင်းကိုပဲ မျက်နှာဖုံး တင်ထားတာပါ။

မဂ္ဂဇင်း နောက်ဘက် စာမျက်နှာတွေထဲမှာတော့ မွန်ပြည်နယ် နဲ့ တနင်္သာရီဒေသဘက် ခရီးသွားဆောင်းပါး၊ ရန်ကုန်မှာ ဖွင့်ထားတဲ့ မြောက်ပိုင်းထိုင်း စားသောက်ဆိုင် အကြောင်း စသဖြင့် စသဖြင့်တို့ကို တွေ့ရပါမယ်။

ဒီအကြောင်းတွေ ပါဝင်တဲ့ ဒီလထုတ် The Irrawaddy မဂ္ဂဇင်းကို
မြန်မာပြည်က စာအုပ်ဆိုင်ကြီးတွေမှာ ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်။
  .
ဆက်စပ် -




 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved