စာကြည့်တိုက် ၅၅ ခုမှာ တက်ဘလက် ကွန်ပြူတာတွေ ရှိလာမယ်

Wednesday, October 1, 2014


 ~





 


ဒီနှစ်ထဲ မြန်မာပြည်က စာကြည့်တိုက် ၅၅ ခုမှာ တက်ဘလက် ကွန်ပြူတာတွေ တပ်ဆင်မယ်လို့ သိရပါတယ်။

အော်ရီဒူးရဲ့ သတင်းထုတ်ပြန်ချက်တစောင်မှာတော့ အဲဒီကွန်ပြူတာတွေမှာ အင်တာနက်အဆက်အသွယ်ရဖို့ သူတို့ အထောက်အပံ့ပေးမယ်လို့ ရေးထားပါတယ်။ 
အော်ရီဒူးရဲ့ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

အဲဒီ စာကြည့်တိုက် ၅၅ ခုက ဘယ်မြို့ ဘယ်ရပ်ကျေးကဖြစ်တယ်ဆိုတာကို အောက်တိုဘာလထဲမှာ ကြေညာမယ်လို့ ဆိုပါတယ်။

စာအုပ်တအုပ်အရွယ်အစားသာရှိတဲ့ တက်ဘလက်တွေအစား
စားပွဲတင်ကွန်ပြူတာဆိုရင် ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ ဒါဆို ပျက်စီးပျောက်ဆုံးနိုင်ချေနည်းပါးပါလိမ့်မယ်။ တက်ဘလက်တွေက တကိုယ်ရေသုံးတွေပါ။   ကမ္ဘာတလွှား အများသုံးတဲ့ စာကြည့်တိုက်တွေမှာ
စားပွဲတင်ကွန်ပြူတာကြီးတွေကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။ 
Beyond Access Myanmar: မြန်မာ့ လူမူပတ်ဝန်းကျင်ကို သတင်းအချက်အလက် နှင့်ဆိုင်သော လူ့အဖွဲ့အစည်း ဆီသို့ ဆောင်ကျဉ်း မိတ်ဆက်ပေးခြင်း

မြန်နှုန်းမြင့် အင်တာနက်နှင့် နောက်ဆုံးပေါ်နည်းပညာ က သတင်းအချက်အလက်များစွာ ကို အများပြည်သူ လူထောင်ပေါင်းများစွာဆီသို့ အများပြည်သူပိုင် စာကြည်တိုက်များမှ တဆင့် အလွယ်တကူ ဆောင်ကျဉ်းပေးမည်
 

ရန်ကုန် ၊ စက်တင်ဘာလ ၂၉ ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ၀န်ကြီး ဌာန ၊  The Myanmar Book Aid & Preservation Foundation (MBAPF), IREX နှင့် အတူ Ooredoo မြန်မာ ဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပြီး Beyond Access Myanmar ဟုခေါ်သော အစီအစဉ် တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
 ယင်းအစီအစဉ်သည် ၂၁ ရာစုတွင် မရှိမဖြစ် လိုအပ်သော သတင်းအချက်အလက်များ ရရှိရေး နှင့် နည်းပညာတို့ကို အလွယ်တကူ ရရှိစေရေး တို့အတွက် အများပြည်သူပိုင် စာကြည့်တိုက်များကို ခေတ်မီ လူအများစုစည်းရာ အများပြည်သူပိုင် စာကြည့်တိုက်/နေရာများ အဖြစ်သို့ ပြောင်းလဲသည့် အစီအစဉ် ဖြစ်သည်။

၂၀၁၄ ခုနှစ် အတွင်းတွင် Beyond Access Myanmar သည့် အများပြည်သူပိုင် စာကြည့်တိုက် ၅၅ ခုတွင် tablet ကွန်ပြူတာများ ကို တပ်ဆင် သွားမည်ဖြစ်ပြီး ၊ Ooredoo မြန်မာ ဆက်သွယ်ရေး ကုမ္ပဏီကြီးက အင်တာနက် ချိတ်ဆက်ခြင်း နှင့် ထောက်ပံ့သွားမည် ဖြစ်သည်။ 
စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက် ၀န်ထမ်းများ လူအများ၏ ဘ၀များ တိုးတက်မြင့်မား ပြောင်းလဲရေးစေမည့် အသုံးချ နည်းပညာ ကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန် လိုအပ်သော သင်တန်းများလည်း ပေးသွားမည် ဖြစ်သည်။
 စာကြည့်တိုက်မှူးများသည် အင်တာနက် ကို အသုံးပြုသူ မိဘပြည်သူများ ပထမဦးဆုံး အနေနှင့် အစဉ်ပြေ ချောမွေ့စွာ ၊ ကျွမ်းကျင် လိမ္မာစွာ အသုံးပြုနိုင်ရေးအတွက် သင်ကြားမှု စွမ်းရည်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွား ကြမည် ဖြစ်သည်။
 ရပ်ရွာတွင်း မှ ပြည်သူအများ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ၏ တရားဝင် အင်တာနက် စာမျက်နှာများ ကိုမည်သို့ မည်ပို့ သွားရောက် လေ့လာနိုင်ပုံ၊ ကလေးသူငယ်များ နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး စာပေများ လေ့လာနိုင်ပုံ စသည်များကို ဤ အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။
 အများပြည်သူ မည်သူမဆို အစီအစဉ်တွင် ပါဝင်သော စာကြည့်တိုက် ၅၅ ခုဆီသို့ သွားရောက် ၍ tablet ကွန်ပြူတာများ နှင့် အင်တာနက် တို့ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
တီထွင်ကြံဆခြင်းများ နှင့် ဖေးမ ရိုင်းပင်းကူညီကြသော အလေ့အထများ က တဆင့် အများပြည်သူ မည်သူကိုမဆို   မြန်မာပြည်ရှိ အများပြည်သူပိုင် စာကြည့်တိုက်များတွင် အင်တာနက်များ ၊ သင်ယူနိုင်သော အထောက် အပံ့ပစ္စည်းများ ၊ အကူအညီများကို ပေးနိုင်တော့ မည်ဖြစ်သည်။

စာကြည့်တိုက်မှူးများ သည်ယင်း အစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မှီ စေရန် မိမိတို့ တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖေါ်ပြခွင့်ရနိုင်သော လျှောက်ထားပုံ အဆင့်ဆင့် အပေါ်တွင် အခြေခံပြီး MBAPF က ၁၁ ခုသော “စာကြည့်တိုက် အစုအဝေး” များကို ပထမဦးဆုံး အဆင့် အနေနှင့် ရွေးချယ်ထားသည်။
 ယင်း “စာကြည့်တိုက် အစုအဝေး” တစ်ခုစီတွင် ခရိုင် (သို့မဟုတ်) မြို့နယ်အဆင့်ရှိ စာကြည့်တိုက်ကြီး တစ်ခု နှင့် ၃ခု မှ ၅ခု အထိ အရည်အတွက် ရှိသော ရပ်ကွက် ကျေးရွာ အဆင့် စာကြည့်တိုက်အသေးများ ပါဝင် ဖွဲ့စည်းထားသည်။
 အောက်တိုဘာလအတွင်း တွင် ဤ အစီအစဉ်တွင် ပါဝင်သည့် စာကြည့်တိုက်များ နေရာ နှင့် အမည်များကို ကြေညာ မည်ဖြစ်သည်။ ၂၀၁၅ တွင်မူ ပိုမိုများပြားသော အရည်အတွက် ဖြင့် စာကြည့်တိုက်များကို   ထောက်ပံ့သွားရန် ရည်ရွယ်ထားသည်။

“ယခုလို ပြည်သူများ အတွက် အင် တာနက် အသုံးပြုခွင့် ရအောင် ဆောင်ရွက် ပေးခြင်းသည် တနည်းအားဖြင့် ပြည်သူကို အသိပညာ ပေးခြင်းဖြစ်သဖြင့်လှိုက်လှဲစွာ ကြိုဆိုပါသည်။ ပထမဆုံး စာကြည့်တိုက် (၅၅)ခု မှာအောင်မြင်အောင် ဆောင်ရွက်ပေးသလို ယခုထက် တိုးချဲ့ပြီး ဆောင် ရွက် ရန် လိုအပ်သလို အကူအညီပေး သွားမည်ဖြစ်ပါသည်။
ပူးပေါင်းဆောင် ရွက်ပေး ကြသော အဖွဲ့ ဝင် များ အားလုံးကိုလည်း အထူး ပဲကျေးဇူးတင်ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ၀န်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲတင့်က ပြောကြားလိုက်သည်။

Ooredoo မြန်မာ ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က “မြန်မာပြည်က မိဘပြည်သူ လူအများ အင်တာနက်ကို အလွယ်တကူ ရရှိပြီး အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မြန်မာပြည်က စာကြည့်တိုက်တွေ နဲ့ အခုလို လက်တွဲပြီး ဆောင်ရွက်ရတာ အင်မတန် ၀မ်းသာပါတယ်။
ကျွန်တော်တို့ Ooredoo မြန်မာရဲ့ ၀န်ဆောင်မှု တွေ ကို စတင်မိတ်ဆက်လိုက်ပြီး မကြာခင်မှာပဲ မြန်မာပြည်လူထု အတွင်းက လူအတော်များများကို သတင်းအချက်တွေ အလွယ်တကူ ရရှိစေပါတယ်။
 သတင်းအချက်အလက် နယ်ပယ်ကို မြန်မာပြည်က ပြည်သူလူထု ရောက်လာဖို့ အတွက်ဆိုရင် စာကြည့်တိုက်တွေက စတာ အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ ထင်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

မြန်မာပြည်သည် ယခု အစီအစဉ်နှင့် အတူ “အများပြည်သူပိုင် စာကြည့်တိုက်များကို ၂၁ ရာစု၏ လိုအပ်ချက်များ ဖြင့် ထောက်ပံ့ပေးနေသော နိုင်ငံများ” ဟူသည့် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ ကို Beyond Access ၏ အစီအစဉ်တစ်ရပ် အဖြစ် ပူးပေါင်းပါဝင် နေပြီ ဖြစ်သည်။
 ယင်းအသင်းအဖွဲ့တွင် ပါဝင်လျှက်ရှိသော နိုင်ငံများမှာ  ဖိလစ်ပိုင်နိုင်ငံ၊ ဥရုကွေးနိုင်ငံ၊  ဂျော်ဂျီယာနိုင်ငံ၊ နိုင်ဂျီးယီးယားနိုင်ငံ နှင့် နာမီးဘီးယားနိုင်ငံတို့ဖြစ်သည်။

Beyond Access Myanmar နှင့် ပတ်သက်၍ သိလို သမျှတို့ကို MBAPF မှ မသန့်သူဇာ ဖုန်း ၀၉ ၅၀၇၀၈၂၅ အီမေးလ်  operation@myanmarbook.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Beyond Access Myanmar အစီအစဉ်များ ၏ နောက်ဆုံးပေါ်သတင်းများကို ဤ facebook လူမှု ကွန်ရက် စာမျက်နှာကို “Like” လုပ်ခြင်းဖြင့်  Facebook page. ကြည့်နိုင်ပါသည်။

 

Beyond Access ၏ အကြောင်း

တိုးတက် ပြောင်းလဲမှုများသည် သတင်းအချက်အလက်များကို အလွယ်တကူ ရယူနိုင်စေရန် လိုအပ်သည်၊ ထိုသို့ရယူနိုင်ရန် လည်း အထောက်အပံ့များ လိုအပ်သည်၊ လူအများ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်နိုင်ရန်လည်း နေရာ အတည်တကျ လိုအပ်သည်။ ခေတ်မီ စာကြည့်တိုက်များက တဆင့် စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှုများ ဖြစ်လာနိုင်သည် ဟူသော အယူအဆ ကို ယုံကြည်ပြီး တစိုက်မတ်မတ် ကြိုးစားနေကြသော လူပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများ သည် Beyond Access တွင် ပါဝင် လှုပ်ရှား လျှက်ရှိကြသည်။ ကမ္ဘာပေါ်ရှိ ၇၃% သော် အများပြည်သူပိုင် စာကြည့်တိုက်များ တနည်းအားဖြင့် ဆိုသော် ၂၃၀,၀၀၀ (နှစ်သိန်းသုံးသောင်း) ကျော်ရှိသော အများပြည်သူပိုင် စာကြည့်တိုက်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ရှိကြသည်။
 ဒေသခံ အဖွဲ့အစည်းများ ၏ကျွမ်းကျင် လိမ္မာမှု၊  ယုံကြည်စိတ်ချရပြီး တည်ရှိဆဲ ရင်းနှီးမြှပ်နှံခြင်းများ၊  အသုံးစရိတ် ချွေတာ ရသော အခြေအနေ စသည့် အကြောင်းများလည်း အခြေခံ ပါတယ်။ ကမ္ဘာရပ်ရပ်မှ အဖွဲ့ဝင်များ နှင့် လက်တွဲလျှက် ဖွံ့ဖြိုးဆဲ တိုင်းပြည်များရှိ အများပြည်သူပိုင် စာကြည့်တိုက်များကို ခေတ်မီလာအောင် ဆောင်ရွက် လျှက်ရှိပါသည်။ Beyond Access ကို IREX က စီမံခန့်ခွဲပါသည်။

  
MBAPF အကြောင်း

၂၀၀၂ ခုနှစ်တွင် စာကြည့်တိုက်မှုးများ၊ စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ ၊ အရပ်ဖက် လူ့အဖွဲ့အစည်း အမျိုးမျိုးတို့မှ ခေါင်းဆောင်များ သည် မြန်မာ့ ပြည်သူလူထု အထူးသဖြင့် အခွင့်အရေးများ မရရှိသေးသည့် ပြည်သူလူထုကို ဗဟုသုတများ နှင့် သင်ယူနိုင်ရန် အခွင့်အလမ်းများ ပေးရေးကို ရည်ရွယ်လျှက် The Myanmar Book Aid and Preservation Foundation (MBAPF) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
MBAPF သည် ပုံနှိပ်ထားသော မြန်မာ့သမိုင်းကြောင်း အမွေအနှစ်များ ၊ ပုံနှိပ်ထားသော ခေတ်ပြိုင် ယဉ်ကျေးမှု အမွေအနှစ်များ ၊ ဒီဂျီတယ် အားဖြင့် ရနိုင်သော စာပေ ယဉ်ကျေးမှု အမွေအနှစ်များ ၊ ပုံနိုပ်ထားသော စာပေ ယဉ်ကျေးမှု အမွေအနှစ်များ အတွက် သင်တန်းများ နှင့် အထောက်အပံ့ အလှူများ ရရှိစေရန် အစိုးရ နှင့် ဒေသခံ ရော အပြည်ပြည်ဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်းအမျိုးမျိုး နှင့် အတူ လက်တွဲ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ၀န်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ၌ စတင် ဖွဲ့စည်းခဲ့ပါသည်။
ဝန်ကြီးရုံး လက်အောက်တွင် ဦးစီးဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းကို တာဝန်ခံခြင်း၊ ၀န်ကြီးဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းများကို လမ်းညွှန်ကွပ်ကဲခြင်း တာဝန်များကို ထမ်းဆောင် လျှက်ရှိသည်။ လက်အောက်ခံ စီးပွားရေး လုပ်ငန်းများ နှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို နိုင်ငံတော် အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များ နှင့် အညီ ဆောင်ရွက်လျက်ရှိသည်။ လက်အောက်ခံ ဦးစီးဌာန နှင့် လုပ်ငန်းများမှာ အောက်ပါတို့ ဖြစ်ကြသည် -

(က) မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (Myanmar Radio and Television)

( ခ ) ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Information and Public Relation Department)

( ဂ ) ပုံနိုပ်ရေး နှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (Printing and Publishing Enterprise)

(ဃ) သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ( News and Periodicals Enterprise)

( င ) မြန်မာ့ရုပ်ရှင် လုပ်ငန်း (Myanma Motion Picture Enterprise)



ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်

(က) နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အကောင်အထည်ဖော်ရန်ရှိသည့် လုပ်ငန်းတာဝန်များ ရေတို၊ ရေရှည် လုပ်ငန်းများကို ပြည်သူများအား ပြန်ကြားအသိပေးရန်။ ( Information)

(ခ ) ဖတ်၊ မှတ်၊ လေ့လာနေသော အမျိုးသားနိုင်ငံတော် ( Reading and Learning Nation) တည်ဆောက်ရေးအတွက် လူထုဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု၍ ပညာပေးစည်းရုံး လှုံ့ဆော်ရန်။ (Education)

(ဂ) ပြည်သူလူထုအား ပျော်ရွှင်ချမ်းမြေ့စေရေး အတွက် ဖျော်ဖြေပေးရန်။ ( Entertainment)



IREX အကြောင်း

IREX သည် အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မပါဝင်သော အရပ်ဖက် လူ့အဖွဲ့အစည်း ဖြစ်ပြီး ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သော ကမ္ဘာချီသည့် တိုးတက်ပြောင်းလဲမှုများကို ခေါင်းဆောင်မှု နှင့် တီထွင် ကြံဆခြင်းများ ဖြင့် ထောက်ပံ့နေသော အဖွဲ့အစည်း ဖြစ်သည်။ IREX ကို ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် လက်တွဲဖေါ် အဖွဲ့အစည်းများနှင့် အတူ လက်တွေ့ကျပြီး ဒေသခံများနှင့် ကိုက်ညီသော အဖြေရှာနည်းများကို နည်းပညာက ရရှိသော တီထွင် ကြံဆခြင်းများကို အသုံးချလျှက် လက်တွေ့အသုံးဝင်သော နည်းလမ်းများဖြင့်  အသုံးချလျှက်ရှိသော အဖွဲ့အစည်း ဖြစ်သည်။



Ooredoo မြန်မာ၏ အကြောင်း

အားလုံးအတွက် မြန်ဆန်သော အင်တာနက် နှင့် ကြည်လင် ပြတ်သားသော အသံ တို့ကို ယူဆောင် လာပေးသည်. Ooredoo မြန်မာသည် လူနေမှု ဘဝများ တိုးတက် ကောင်းမွန်စေမည်. ဝန်ဆောင်မှုများကို  ၂၀၁၄ သြဂုတ်လ တွင်  စတင် ပေးအပ်ပါသည်။ ၂၀၁၃ ဇွန်လတွင် ဆက်သွယ်ရေး လိုင်စင်ရရှိပြီးနောက် တစ်နှစ်တာ ကာလအတွင်း Ooredoo သည် မြန်မာတို့၏နေ.စဉ်ဘဝများတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ် အဖြစ် ပါဝင်ခွင့်ရနိင်ရန် အခြေခံ အုတ်မြစ် ချလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ပါသည်။ Ooredoo ၏ ဝန်ဆောင်မှုများ သည် မျိုးဆက်သစ် 3G ကွန်ရက် ကိုအသုံးပြုထား သဖြင့် မြန်မာတို့၏လူနေမှု ဘဝများ တိုးတက် ကောင်းမွန်စေမည့်အပြင် စိတ်လှုပ်ရှား ဖွယ်ရာ များပြည့်နှက်နေသော သုံးစွဲရလွယ်ကူသည့် ဆက်သွယ်ရေး စနစ်ဖြစ်ပါသည်။

ထို ဝန်ဆောင်မှုများ သည် မြန်မာတို.၏တစ်ဦးချင်း စွမ်းရည်များ တိုးတက် ဖွံ့ဖြိုးလာရန်၊ စီးပွားရေး လုပ်ငန်း များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်  များစွာ အထောက်အကူပေးပါမည်။



Twitter: @ooredoo_mm

Instagram:@ooredoomyanmar

Facebook:www.facebook.com/OoredooMyanmar

LinkedIn:www.linkedin.com/company/ooredoomyanmar

Ooredoo မြန်မာတွင် အလုပ်အကိုင် အခွင့်အလမ်း များစွာရှိပါသည်။ တက်ကြွ ပျော်ရွှင်ဖွယ် အဖွဲ့အစည်း နှင့်ပူးပေါင်းလိုပါက recruitme@myanmar.ooredoo.com သို. CV ပို.လိုက်ပါ။


Ooredoo Group ၏ အကြောင်း

Ooredoo Group သည် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ရှိ သုံးစွဲသူများ နှင့်စီးပွားရေး လုပ်ငန်းများ အတွက်  မိုဘိုင်းဖုန်း၊ လိုင်းဖုန်း၊ Broadband အင်တာနက် နှင့် ဝန်ဆောင်မှု စီစဉ်ခန့်ခွဲ ခြင်းများ ဆောင်ရွက် ပေးနေသည်. ထိပ်တန်း နိုင်ငံတကာ ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ လူ့အသိုင်းအဝန်း ကို အာရုံ စူးစိုက်သည့်ကုမ္ပဏီ တစ်ခု ဖြစ်သောကြောင့် Ooredoo ၏ ရည်စူးချက် နှင့်အညီ လူနေမှု ဘဝများ တိုးတက် ကောင်းမွန်စေရန် နှင့် တစ်ဦးချင်း စွမ်းရည်များ အလားအလာ ရှိသလောက် တိုးတက်ဖွံ့ဖြိုးနိုင်ရန် ဆက်သွယ်ရေး နည်းပညာကို အသုံးချသွားရန် ယုံကြည်ပါသည်။ Ooredoo Group သည်  ၂၀၁၃ ကမ္ဘာ့ဆက်သွယ်ရေး ဆုပေးပွဲတွင် " အကောင်းဆုံး မိုဘိုင်း အော်ပရေတာ " ဆု ရရှိခဲ့ပါသည်။

ကုမ္ပဏီသည် ၂၀၁၃ တွင် ၉.၃ ဘီလျံ ၀င်ငွေရှိပြီး ၊ ၂၀၁၃ ဒီဇင်ဘာလ ၃၁ ရက်နေ့ အချက်အလက်များ အရ သုံးစွဲသူ ပရိသတ်ပေါင်း ၉၅ သန်း ကမ္ဘာအ၀ှမ်းတွင် ရှိသည်။



Twitter: @Ooredoo

Facebook: www.facebook.com/ooredoogroup

LinkedIn: www.linkedin.com/company/ooredoo

YouTube: www.youtube.com/ooredoogroup

 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved