ရထားပေါ်သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူကို ထိုင်းမှာ သေဒဏ်ချမှတ်

Tuesday, September 30, 2014


 ~




ထိုင်းနိုင်ငံမှာ ဇူလိုင်လက  အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရထားပေါ်မှာ မတရားကျင့်သတ်ဖြတ်သူကို တရားရုံးက အင်္ဂါနေ့မှာ သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။
 
 
 



  • မိန်းကလေးကို ဘယ်လို ပြုမူခဲ့တယ်ဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့ကို သရုပ်ဖော်ရှင်းပြနေတဲ့ Wanchai Saengkhao (ဓာတ်ပုံ  - Bangkok Post)

လူသတ်မှုအတွက် - သေဒဏ်
အသက် ၁၅ နှစ်အောက် လူငယ်တဦးကို မတရားကျင့်မှုအတွက် - ထောင်ဒဏ် ၉ နှစ်
အများပြည်သူသုံးရထားပေါ်မှာ ခိုးမှုအတွက် - ထောင် ၅ နှစ်
အလောင်းဖျောက်မှု - ထောင် ၁ နှစ်
မူးယစ်ရမ်းကားမှု - ထောင် ၆ လ

သက်သက်ညာညာ စီရင်ဖို့ သူ့ရဲ့ တောင်းဆိုချက်ကို တရားရုံးက ပယ်ချပါတယ်။
ပြစ်မှုကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေက အင်မတန် ခိုင်မာလွန်းတယ်လို့ တရားရုံးက ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်သတင်း ၂ ပုဒ်ရဲ့လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံကလာတဲ့ သတင်းဆိုးတပုဒ် 
http://blog.irrawaddy.org/2014/07/blog-post_5202.html
မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ Facebook မှာ ထိုင်းတို့ တောင်းဆို 
http://blog.irrawaddy.org/2014/07/facebook_9.html

သတ်ဖြတ်ခံရသူရဲ့ မိသားစုကို အားပေးဖို့ အထင်ကရ
ထိုင်း  မော်ဒယ်၊ သရုပ်ဆောင်
Panadda Wongpudee  ကလည်း တရားခွင်ကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ တွေ့ရပါတယ်။

မတရားကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ လှုံ့ဆော်တဲ့သူထဲမှာ ဒီမော်ဒယ် သရုပ်ဆောင်လည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved