ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မှာ ဆန္ဒပြ

Thursday, October 9, 2014

ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလပန်းခြံအနီး တွင်ဖြစ် ပွားခဲ့သည်။ 

ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ



တတ်ကြွလှုပ်ရှားသူ ဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံ အဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေစေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြသည်။









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved