ချင်းပြည်နယ်မှာ စာစောင်တခု အပိတ်ခံရပြန်ပြီ

Wednesday, October 22, 2014

. 




မှတ်ပုံတင်မထားတဲ့ သတင်းစာတစောင်ထုတ်ဝေမှုကို ရပ်ဆိုင်းဖို့ ချင်းပြည်နယ်အစိုးရက ယခင်တပတ်က တားမြစ်လိုက်ပါတယ်၊
ဒါဟာ ချင်းပြည်နယ်မှာ တလအတွင်း ပိတ်ပင်ခံရတဲ့ ဒုတိယမြောက် စာစောင်ပါပဲ။

 


  • ရန်ကုန်က စာစောင်ဖြန့်ချိရေးဆိုင်တခု (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)


အပိတ်ခံလိုက်ရတဲ့ နေ့စဉ်ထုတ် သတင်းစာ Falam Post ကို ဒီနှစ်ဆန်း ဇန်နဝါရီလမှာ စတင် ထုတ်ဝေတာပါ။
ဒေသတွင်းသတင်းတွေနဲ့ အစိုးရရဲ့ လုပ်ငန်းကိုင်ငန်းတွေအကြောင်း ရေးတဲ့ သတင်းစာပါ။ ဖလမ်းမြို့၊ ပြည်နယ်မြို့တော်ဟားခါး၊ ကလေးမြို့ နဲ့ အိမ်နီးချင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖြန့်ပါတယ်။

တားမြစ်မိန့်ကို ဖလမ်းမြို့နယ်အာဏာပိုင်တို့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ဝေသူ ဦးဗန်လျန်မှုန်းက ပြောဆိုကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ http://www.irrawaddy.org/burma/second-ethnic-newspaper-shuttered-chin-state-govt.html   မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ ရေးပါတယ်။

 ချင်းပြည်နယ်အစိုးရရဲ့ညွှန်ကြားချက်အရ သတင်းစာထုတ်ဝေမှုရပ်နားထားဖို့  တားမြစ်စာမှာ ဖော်ပြထားတယ်၊ မီဒီယာဥပဒေသစ်အရ ထုတ်ဝေခွင့်ရမှပဲ ဆက်လက်ထုတ်ဝေဖို့ ရေးထားတယ် ဆိုပြီး ထုတ်ဝေသူ ဦးဗန်လျန်မှုန်းက ရှင်းပြပါတယ်။

ဖလမ်းခရိုင် အစိုးရပြန်ကြားရေးရုံးကလည်း အဲဒီ ညွှန်ကြားစာ ပေးပို့ထားတယ်ဆိုတာကို အတည်ပြုပါတယ်။ ပြည်နယ်အစိုးရရဲ့ညွှန်ကြားချက်အတိုင်း ထုတ်ပြန်တဲ့စာလို့ ဆိုတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာလည်း ဖလမ်းခရိုင် အာဏာပိုင်တို့က နှစ်ပတ် တကြိမ်ထုတ် Hakha Post စာစောင်ကို ထုတ်ဝေခွင့်ပိတ်ခဲ့ပါတယ်။


http://www.irrawaddy.org/burma/second-ethnic-newspaper-shuttered-chin-state-govt.html

. 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved