ဗြိတိသျှ ရဲအရာရှိတွေ လိပ်ကျွန်းကို သွားရောက်လေ့လာခဲ့

Sunday, October 26, 2014

ဗြိတိသျှ ရဲအရာရှိတဖွဲ့ဟာ ဗြိတိန် ၂ ဦးအသတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းကို စနေနေ့ က  ရောက်သွားခဲ့ကြပါတယ်။ 



ဘန်ကောက်ကနေ ရဟတ်ယာဉ်နဲ့ လိပ်ကျွန်းကို အောက်တိုဘာလ ၂၅ ရက် စနေနေ့က ထိုင်း ရဲချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ် Jarumporn Suramanee နဲ့ အတူ ရောက်သွားခဲ့တာပါ။ 

ဒါပေမယ့် ဗြိတိသျှရဲတွေရဲ့ လိပ်ကျွန်းကို လာရောက်မှုကို လူသိရှင်ကြားမလုပ်ပဲ ဒေသခံ ဆူရတ်ဌာနီရဲတွေ နဲ့ ဒေသခံ အမှတ် ၈ ရဲဌာန က ရဲတွေလည်း လုံးဝ ပါဝင်မှု မရှိခဲ့ဘူးလို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ဒါပေမယ့် တခြား ထိုင်းရဲတွေတော့ ဗြိတိန်ရဲတွေနဲ့ အတူ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ 

စကော့တလန်ယာ့ဒ် မှုခင်းကျွမ်းကျင် ရဲအရာရှိ ၃ ဦးဟာ ဗြိတိန် ၂ ဦး အလောင်းတွေ့ခဲ့တဲ့နေရာအပါ အဝင် မြန်မာ ၂ ဦး ဂစ်တာတီးတဲ့ နေရာအပါအဝင် သူတို့ သံသယသတ်မှတ်ထားတဲ့ AC ဘား၊ သေဆုံး သူတွေ တည်းခိုခဲ့တဲ့နေရာ၊  ဒေးဗစ် မီလာရဲ့ လက်ကိုင်ဖုန်းတွေ့တဲ့နေရာ စတဲ့ နေရာတော်တော်များများ ကို လည်း သွားရောက်ခဲ့ပါတယ်။ 

ပြီးတော့ စကော့တလန်ရဲတွေဟာ မှတ်တမ်းတွေယူခဲ့ကြတာလို့ သတင်းက ဆိုပါတယ်။ အဲဒီ စကော့တလန် ယာ့ဒ် ရဲအရာ ရှိ ၃ ဦးဟာ သောကြာနေ့ကတည်းက လိပ်ကျွန်းပေါ် ရောက်နေတဲ့ ဗြိတိသျှ ရဲအရာရှိ ၂ ဦးနဲ့ ပူးပေါင်းပြီး အချက်အလက် မှတ်တမ်းတွေ ယူခဲ့ကြတာလို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

အီတလီ နိုင်ငံ မီလန် မှာကျင်းပခဲ့တဲ့ အာရှ- ဥရောပ ASEM ထိပ်သီး အစည်းအဝေးပွဲမှာ ဗြိတိန်ရဲတွေ လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေး ကိစ္စ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ်းကို ကတိ ပေး ခွင့်ပြုခဲ့ပါတယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ဒေးဗစ်မီလာနဲ့ ဟန်နာ ဝစ်သရစ်ခ်ျတို့ကို သတ်ဖြတ်မှု၊ မုဒိန်းမှု တို့ ကျူးလွန် တယ်လို့ ဝန် ခံ ဖြောင့်ချက်ပေးတယ်လို့ ထိုင်းရဲတွေက ဆိုထားခဲ့တာပါ။ 

ဒါပေမယ့် မကြာသေးခင် ရက်ပိုင်းကပဲ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲစခန်းမှာ ထွက်ချက်ပေးခဲ့ တဲ့ ဝန်ခံမှုဟာ ထိုင်း ရဲတွေနဲ့ စကားပြန်လုပ်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံခဲ့ရတာဖြစ်ပြီး အမှန် တကယ် ဒီအမှုနဲ့ပတ်သက်လို့ လုံးဝ မကျူးလွန်တာကြောင့် ရဲစခန်းဝန်ခံချက်ကို တရားဝင် ပြန်လည် ရုပ်သိမ်း ခဲ့ပြီးပါပြီ။ 

 ကော့စမွေ ခရိုင်က အမှုတင်မယ့် ဥပဒေရုံးကလည်း ထိုင်းရဲတပ်ဖွဲ့ကို အမှုနဲ့ပတ်သက်လို့ သေချာ ပြန်လည် စိစစ်ဖို့လည်း ပြန်ညွှန်ကြားလိုက်ပါပြီ။

 ဗြိတိသျှ ရဲစုံထောက်တွေ ထိုင်းနိုင်ငံကို ရောက်ပြီး လိပ်ကျွန်းနဲ့ အခြားနေရာတွေကို လေ့လာစုံစမ်း အချက် အလက်ရှာဖွေမှုတွေ လုပ်နေချိန်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ မိဘတွေလည်း သူတို့သားတွေ နဲ့ တွေ့ ဆုံ ခွင့်ရခဲ့ကြပြီး လူသတ်မှုကို သူတို့ လုံးဝ မကျူးလွန်ကြောင်း မိဘတွေနဲ့ မြန်မာသံရုံးအထူး ကိုယ်စားလှယ် အ ဖွဲ့တွေကို ထပ်လောင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved