လိင် ၂ မျိုး အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးတဦး မွေးဖွား

Thursday, October 16, 2014

လိင်၂ မျိုး၊ အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးငယ် တဦးကို ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံ မှာ 
အောက်တိုဘာ လ ၁၀ ရက် နေ့က မွေးဖွားခဲ့တယ်လို့ နိရဉ္စရာ သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြလာပါ တယ်။ 

 နေရဉ္စရာ သတင်းက ဖော်ပြထားတဲ့ လိင် ၂ မျိုး လိင်အင်္ဂါ ၃ ခုပါတဲ့ ကလေးသတင်း၊ ဓာတ်ပုံ- နေရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အဖ ဦးရဲပိုင်ထူး၊ အမိ ဒေါ်ဝေေ၀မာတို့က မွေးဖွားလာတဲ့ ကလေးငယ်ဟာ 
ယောင်္ကျားအင်္ဂါ ၂ ခု၊ မ အင်္ဂါတခု ပါဝင်တာဖြစ်တယ်လို့ ဂွ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေရဉ္စရာ သတင်းဌာနကို ပြောဆို ထားခဲ့ပါတယ်။ 

လိင်အင်္ဂါ ၂ မျိုး ၃ ခုနဲ့ မွေးဖွားလာတဲ့ ကလေးငယ်ကို ဆေးကုသနိုင်ဖို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဌာနကို တင်ပြထားတယ်လို့လည်း သတင်းက ဆိုပါတယ်။ 

ကျမ်းဂန်တွေအရ ဣတ္ထိလိင်၊ ပုလ္လိင်၊  ဒွိလ္လိင်နပုလ္လိင် ဆိုတဲ့ မလိင်၊ ကျားလိင်၊ ကျား+မ လိင်၊ လိင်အင်္ဂါ မပါဆိုပြီး ၄ မျိုး ရှိတာ သိရပါတယ်။ 

အခုလို ကျား အင်္ဂါ ၂ ခုနဲ့ မ အင်္ဂါ ၁ ခုပါတဲ့ ( လိင်၂ မျိုး ၊ အင်္ဂါဇာတ် ၃ ခု)  ကလေးငယ်ကို မည်သို့ ခေါ် ဆိုမ လည်း ဆိုတာတော့ ကျမ်းတတ်ပေတတ်တွေက ဆွေးနွေးရတော့မယ်ထင်ပါတယ်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved