လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ဗြိတိန်ရဲ ပါဝင်ဖို့ ထိုင်းခွင့်ပြု

Saturday, October 18, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗြိတိန် ဗြိတိသျှ ရဲတွေကို ထိုင်းဘက်က ခွင့်ပြုလိုက်ပါပြီ။ 




ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ်းတို့ဟာ အီတလ
နိုင်ငံ မီလန်မြို့မှာ ကျင်းပနေတဲ့ အာရှ- ဥရောပ ထိပ်သီး ASEM အစည်းအဝေးမှာ တွေ့ဆုံကာ လိပ်ကျွန်း လူသတ်မှု ကိစ္စဆွေးနွေးပြီး ထိုင်း ဘက်က ဗြိတိန်ရဲတွေကို လိပ်ကျွန်း စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းပါဝင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ 

“လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဗြိတိသျှ ရဲတချို့ကို ထိုင်း ဘုရင့်ရဲနဲ့ အတူ လက်တွဲ လုပ်ဆောင်နိုင် ဖို့ စေလွှတ်နိုင်မယ့် အကြောင်း ထိုင်း ဝန်ကြီးချုပ်ဆီက ဗြိန်ဝန်ကြီးချုပ်က ဒီမနက်ကပဲ သဘောတူညီမှု ရခဲ့ပါတယ်” လို့ ဗြိတိန်သံတမန်တဦးကို ကိုးကားပြီး ထိုင်းအခြေစိုက် The Nation သတင်းတပုဒ်ကလည်း ဆိုပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဘန်ကောက်မြို့တွင် မြန်မာသံအမတ်၊ ဗြိတိန်သံအမတ်နှင့် ထိုင်းရဲချုပ်အပါအဝင် ထိုင်းနိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတချို့ပါဝင်သော ၃ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေး မှုကလည်း လိပ်ကျွန်း လူသတ်မှု တရား ခွင်အား မြန်မာ-ဗြိတိန် လေ့လာစောင့် ကြည့်ရေး အဖွဲ့တွေကို ထိုင်းဘက်က မူအရ ခွင့်ပြုခဲ့ပါတယ်။

 ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဟူဂို ဆွိုင်းက လန်ဒန်မှာရှိတဲ့ ထိုင်းသံရုံးတာဝန်ခံကို လိပ်ကျွန်း လူ သတ်မှု စုံစမ်းစစ်ဆေးမှု ကိစ္စနဲ့ပတ်သက်ပြီး ဆင့်ခေါ် မေးမြန်းခဲ့ပြီး သတိထောက် စာ ပေးပို့ခဲ့ ပါတယ်။ 

သတိထောက်စာမှာ လိပ်ကျွန်း လူသတ်မှု ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် အမှန်တ ကယ် စိုးရိမ်မှုရှိနေပြီး အဆိုပါ စုံစမ်းစစ်ဆေးမှုမှာ ဗြိတိန်ရဲတပ်ဖွဲ့က ပူးပေါင်းကူညီရန် အဆင်သင့်ရှိနေ တယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပါ။ 

အဲတုန်းက ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် က ဗြိတိန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။ 

လိပ်ကျွန်း လူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က လူသတ်တရား ခံ အဖြစ် ဖမ်းဆီးထားပါတယ်။ 

ထိုင်းရဲက အဆိုအရ သူတို့ ၂ ဦးက ကျူးလွန်တယ်ဆိုပြီး ဝန်ခံထားတယ်လို့ ထုတ်ပြန်ထား ပါတယ်။ 

ဒီကိစ္စကို ဗြိတိန်မှာလည်း လက်ခံယုံကြည်မှု မရှိပဲ မြန်မာ ၂ ဦးကို ထိုင်းရဲတွေက နှိပ်စက်ညှင်းပန်းပြီး ထွက်ဆိုခိုင်းတာဖြစ် မယ်လို့ ဝေဖန်နေကြပါတယ်။ 



 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved