လိပ်ကျွန်းကိစ္စနဲ့ အဖမ်းခံ ၂ ဦး မြန်မာသံအဖွဲ့ကို ကိုယ်စားလှယ်လွှဲပေး

Tuesday, October 7, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၂ ဦးကို မြန်မာသံ ကိုယ်စားလှယ်အဖွဲ့က မနေ့ညနေပိုင်းက သူတို့ကို ချုပ်နှောင်ထားတဲ့ ကော့စမွေ အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ 

 လိပ်ကျွန်း လူသတ်မှုနဲ့ အဖမ်းခံ မြန်မာ ၂ ဦးအား မြန်မာသံကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစဉ်၊ ဓာတ်ပုံ- မင်းဦး

အဲဒီလို တွေ့ဆုံခွင့်ရတဲ့အခါ ထူးခြားတာက မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးကို ဆံပင်
တွေ ဖြတ်ပြီး ခေါင်းတုံး နီးပါး တုံးထားတာတွေ့ရပါတယ်။ သူတို့ရဲ့ အသွင်အပြင်တွေ ထူးခြားတယ် လို့ တွေ့ဆုံခဲ့သူတွေထဲ ပါဝင်သူ တဦးကလည်း ဧရာဝတီကို ပြောပါတယ်။ 

သူတို့ ၂ ဦးနဲ့ အင်တာဗျူးကို ဒီနေရာက တဆင့် ဖတ်နိုင်ပါတယ်။ 

မြန်မာသံကိုယ်စားလှယ်အဖွဲ့နဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ရခဲ့တဲ့အခါ ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံ တယ်ဆိုတဲ့ သူတို့ ၂ ဦးဟာ ကြောက်ကြောက်နဲ့ ဝန်ခံခဲ့တာလို့ ပြောပြီး သူတို့ကို ဥပဒေအရ အကာအကွယ်
ပေး ဖို့ ပြောဆိုပါတယ်။ 

အဲဒီနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဥပဒေအရ ကူညီပေးဖို့ ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုး
ပေး လိုက်ပါတယ်။ 

 ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတာ မြန်မာ ၃ ဦး ရှိတယ်လို့ ထိုင်းရဲက ထုတ်
ပြန် ထားပေမယ့် ၂ ဦးကိုပဲ မြန်မာသံကိုယ်စားလှယ်အဖွဲ့က တွေ့ခွင့်ရခဲ့တာပါ။ 

ကျန်တဲ့ တဦးဖြစ်တဲ့ မောင်မောင် ကိုတော့ နေရာခွဲထားတာဖြစ်သလို သူဟာ တရားခံမဟုတ်ပဲ သက်သေ
ဖြစ်တဲ့ အတွက် အမှုနဲ့ပတ်သက်လို့ ပြင်ပလူနဲ့ တွေ့ခွင့်မပေးထားဘူးလို့ ထိုင်းရဲက ပြောထားပါတယ်။ သူ့ကို ရဲစခန်းမှာလည်း ချုပ်မထား၊ တည်းခိုခန်းမှာ ထားတယ်လို့ ထိုင်းဘက်က ပြောထားပါတယ်။ 

လူသတ်မှု တရားခံတွေအဖြစ် အဖမ်းခံထားရတဲ့ မြန်မာတွေနဲ့ပတ်သက်ပြီး မြန်မာလူမှု အသိုင်းအဝိုင်း အပါအဝင် ထိုင်းလူမှု အသိုင်းအဝိုင်းတွေကလည်း လက်ခံယုံကြည်မှု မရှိကြပါဘူး။ 

 မြန်မာနိုင်ငံကို အခု ရက်ပိုင်း ရောက်လာမယ့် ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ သမ္မတ ဦးသိန်းစိန်ဟာ လိပ်ကျွန်း လူသတ်မှု ကိစ္စနဲ့ အဖမ်းခံထားရတဲ့ မြန်မာတွေနဲ့ပတ်သက်ပြီး ထည့်သွင်း 
ဆွေးနွေးဖို့လည်း ရှိပါတယ်။




အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved