လိပ်ကျွန်းလူသတ်မှုနဲ့အဖမ်းခံထားရသူတွေဆီ မြန်မာသံ အဖွဲ့ သွားတွေ့မယ်

Saturday, October 4, 2014

ထိုင်းနိုင်ငံတောင်းပိုင်း လိပ်ကျွန်း ( Koh Tao) မှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား တချို့ထံ မြန်မာသံကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ ဆုံမှာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ့ဖေ့စ်ဘုတ်မှာ အောက်တိုဘာလ ၃ ရက်နေ့ က တင်ထားပါတယ်။ 

 ကော့တောင်ကျွန်း လူသတ်သမားဟု ထိုင်းရဲက ခေါ်ထုတ်ပြထားသော မြန်မာ ၂ ဦး

အထိန်းသိမ်းခံ မြန်မာအလုပ်သမားများထံ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည် 

 ဗြိတိန်နိုင်ငံသားများအား သတ်သူ တရားခံများအဖြစ် ဖမ်းဆီထိန်းသိမ်းခြင်း ခံထားရသော မြန်မာနိုင်ငံ သားများ ထံ မြန်မာသံရုံး မှ ကောင်စစ်အရာရှိ ဦးစီး ကိုယ်စားလှယ် အဖွဲ့ သွားရောက်မည် ဖြစ်ပါသည်။ 

ယင်းအဖွဲ့ တွင် အောက်ပါအဖွဲ့ဝင်များ လိုက်ပါသွားကြမည် ဖြစ်ပါသည်- - 

ဦးထွန်းအေး ကောင်စစ်အရာရှိ-မြန်မာသံရုံး - 
ဦးကျော်သောင်း MAT - ဦးမင်းဦး နှင့် ဦးမိုးဝေ FED - 
စကားပြန် တစ်ဦး FED - 
ဦးအောင်မျိုးသန့် ရှေ့နေ - မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်း - 
ထိုင်းရှေ့နေ (၃) ဦး 

ယင်းအဖွဲ့သည် ထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ 
ကော့စမွီ (သို့မဟုတ်) ထိန်းသိမ်းထားရာနေရာသို့ သွားရောက်မည် ဖြစ်ပါသည်။ 

ကာယကံရှင်များနှင့် တိုက်ရိုက်တွေ့ဆုံမှသာ ဖြစ်စဉ်အမှန် သိနိုင်မည် ဖြစ်ပါသည်။ 

မတရားသဖြင့် ဆောင်ရွက်မှုများ ဟုတ် မဟုတ်ကို ထိုအချိန်မှသာ သိရှိနိုင်မည် ဖြစ်ပါသည်။ 

ဤကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် တရားမျှတမှု အပြည့်အဝ ရှိစေရန်အတွက် ထိုင်းရောက် 
မြန်မာ အလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။ 


ဆက်စပ် သတင်း

လိပ်ကျွန်း လူသတ်မှု တရားခံ အစစ်ဟာ ဘယ်သူတွေလဲ

လူသတ်မှုဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းက မြန်မာ အလုပ်သမားတွေ စိုးရိမ်နေ

 



 





2 comments :

  1. Kyi said... :

    မြန်မာသံရုံးက ဒီအမှုကို အဖြစ်မှန်အတိုင်းဖြစ်အောင် လုပ်ကိုင်ကူညီစေချင်ပါတယ်.
    ဒီကလေးတွေဟာ သတင်းတွေအရ ထိုင်းနိုင်ငံထဲကို လူကုန်ကူးသူတွေ အကူအညီနဲ့
    ရောက်လာကြတယ်လို့ သိရပါတယ်. ထိုင်းအခေါ် (သံဒေါက်) ပေါ. စကားမတတ် စာမတတ်နဲ့ ကိုယ် မကျင်လည်သေးတဲ့ဒေသမှာ သာမန်အမှုကျူးလွန်တာဆိုရင် မပြောတော့ပါဘူး. အခုလို မုဒိန်းကျင့် လူသတ်ရလောက်အောင် ရဲတင်းလွန်းမယ်လို့ လုံးဝ မယုံကြည်ပါဘူး. လူဝင်မှုဥပဒေနဲ့ လှန့်ပြီး ဝန်ခံခိုင်းခဲ့တယ်လို့ အပြည့်အဝ ယုံကြည်တယ်. ထိုင်းနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်သွားလို့ မလုပ်မဖြစ် လံကြုတ်လိုက်ကြတာပါ. ပထမပိုင်းမှာတော့ DNA မတူဘူးဆိုပြီး လွှတ်ပေးလိုက်တယ်. အခုမှတထပ်တည်းပဲဆိုပြီး လုပ်လိုက်တယ်. စစ်ဆေးတဲ့စံနစ်အပေါ်ကို တစုံတရာရဲ့ ဖိအားပေးခံလိုက်ရပြီး ရလာဒ်ပြောင်းသွားတာပါ. ကျနော်အမေရိကမှာနေပါတယ်. The Nation, Bangkok Post တို့ကို အွန်လိုင်းကနေ ဖတ်ပါတယ်. အထက်လူကြီးတွေကော ရဲတွေပါ ဒီကလေးတွေကို scapegoats လုပ်ခံရတာ မဟုတ်ပါဘူးလို့ ထည့်ပြောကြပါတယ်. သူတို့အမြဲလုပ်နေကြမို့လို့ ဒီတခါမလုပ်ပါဘူးလို့ လိမ်တာပါ. မှန်ကန်တိကျတဲ့ အာဏာပိုင်တရပ်အနေနဲ့ ဒီစကားမျိုးကို လုံးဝမပြောသင့်ပါဘူး. ဒီကလေးတွေကို တရားသောဘက်ကနေ အပြည့်အဝအကူအညီပေးပါ. တကယ်လို့ သူတို့ဒီအမှုကို ကျူးလွန်ခဲ့သည့်တိုင် သံခင်းတမန်ခင်းအရ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ပေးပါ. မတရားအမှုဆင်ခံရတယ်ဆိုတာပေါ်ခဲ့ရင် နယ်စပ်စီးပွါးရေးတွေကို အကန့်အသတ်မရှိပိတ်ပစ်ပါ. သံတမန်ဖြတ်သင့်ရင်ဖြတ်ပစ်ပါ. ဘာကြောင့်လည်းဆိုတော့ ၂၀၀၀ ခုနှစ်လောက်မှာ စွမ်းအားမြင့်မြန်မာကျောင်းသား (၁၀) ဦးကို လက်ပြန်ကြိုးတုတ်ပြီး နဖူးတွေကို အနီးကပ်သေနတ်နဲ့ပစ်သတ်ခဲ့ဖူးပါတယ်. လက်နတ်ချပြီး အဖမ်းခံရပြီးမှ ရက်ရက်စက်စက် လုပ်တာပါ. သတင်းစာရှင်းလင်းပွဲလုပ်တော့ သူတို့ကွန်မန်ဒိုတွေကို နဖူးကိုပဲထိအောင်ပစ်ဖို့ သင်ထားပေးတာပါတဲ့. ကိုယ့်ဘက်ကနေ မျက်မြင်သက်သေလိုက်ပေးမယ့် ထိုင်းနိုင်ငံသားတွေတောင် ရှိခဲ့ပါတယ်.သူတို့လုပ်ခဲ့တဲ့လုပ်ရပ်ကို အားမပေးပေမယ့် အများအကျိုးအတွက်လုပ်ခဲ့တာဖြစ်လို့ ဒီဖြစ်ရပ်ကိုထောက်ပြတာပါ. အခြားအခြားသောဖြစ်ရပ်ပေါင်းများစွာလည်း ရှိခဲ့ ရှိဆဲပါ. ရှိနေဦးမယ်ဆိုတာ မပြောရအောင် ဒီအမှုက သိပ်ကိုအရေးပါပါတယ်.

  1. Anonymous said... :

    ဒါမျိုးဖြစ်သင့်တာကြာပြီ......မြန်မာအစိုးရရဲ့ပျော ကွက်၊ဟာကွက်တွေကိုသိနေလို့၊အားကိုးရာမဲ့မြန်မာအလုပ်သမားတွေကိုအမှုဆင်ပြီးဖမ်းတာ၊ဗြိတိန်အစိုး၇ကို..မျက်နှာလိုချင်လို့.....တွေ့တဲ့မြန်မာတွေကိုဖမ်းတာ၊ယိုးဒယားတွေတောင်သိတယ်၊တကယ့်လူသတ်သမားက...လူသတ်ပြီး၊ ၂ပါတ်လောက်ကြာတဲ့အထိ ဘယ်မှမပြေးဘဲ ဒီနေရာမှာဘဲနေနေသလား? အသတ်ခံရတဲ့အမျိုးသ္မီးရဲ့ဖုန်း ကို ရဲကမြန်မာအလုပ်သမားရဲ့အခန်းကနေဘယ်လိုရှာတွေ့တာလဲ? မြန်မာအစိုးရအနေဖြင့် တရားမျှတမှု အပြည့်အဝ ရှိစေရန်အတွက် ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်းကြားရသဖြင့်ဝမ်းမြောက်မိကြောင်းပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved