အမေရိကန်တဦး ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော်မှာ ပစ်သတ်ခံရ

Wednesday, October 15, 2014

ဆော်ဒီအာရေးဗျ နိုင်ငံမြို့တော် ရိယတ်မှာ သေနတ်သမား တဦးက မနေ့တုန်းက သေနတ်နဲ့ပစ်သတ်ခဲ့ရာမှာ အမေရိကန်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 



ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၊ ဓာတ်ပုံ- ဂါးဒီးယန်း

အမေရိကန် နိုင်ငံသား ၂ ဦးဟာ ဆော်ဒီအာရေဗျမြို့တော် ရီယတ်ရဲ့ ကားဓာတ်ဆီဖြည့်တဲ့ ဆိုင်တခုမှာ ကားရပ်ထား နေစဉ်မှာပဲ မျက်နှာဖုံး စွပ်ထားတဲ့ ဆော်ဒီလူမျိုးသေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပြီး အမေရိကန် တဦးသေဆုံးကာ တဦး ဒဏ်ရာရှိသွားပါတယ်။ 

အနီးမှာရှိတဲ့ ဆော်ဒီရဲက သေနတ်သမားကို ပစ်ခတ်ကာ ဖမ်းဆီးရမိပါတယ်။ သေနတ်သမားကတော့ ဒဏ်ရာ ရရှိခဲ့ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ 

ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနကတော့ အခုလို သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ တယ်လို့ ပြောထားပါတယ်။ 

တခြား သတင်းရင်းမြစ်တခုအဆိုအရ ဆော်ဒီသေနတ်သမားဟာ မကြာသေးခင်က အလုပ်ဖြုတ်ခံခဲ့ရပြီး အမေရိကန် ၂ ဦးဟာ ဆော်ဒီလုံခြုံရေး ကုမ္မဏီတခုနဲ့ တွဲလုပ်နေတဲ့ တာဝန်ရှိ သူတွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အသေးစိပ်ကိုတော့ အတိအကျ မထုတ် ပြန်သေးပါဘူး။ 

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရက ပြောတာက အဆိုပါ အမေရိကန်လုံခြုံရေး ပူးတွဲ ဆောင် ရွက်နေတဲ့ ဗင်းနဲလ် အာရေဗျ ဆော်ဒီ ကုမ္မဏီ ၀န်ထမ်းတွေဖြစ်တယ်လို့ ဆိုပြီး အမေရိကန် လုံခြုံရေး ကုမ္မဏီရဲ့ ကန်ထရိုက်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အမေရိကန်တွေဟာ ဆော်ဒီ လုံခြုံရေးတပ်တွေကို လေ့ကျင့်သင်တန်းပေးနေခဲ့တာဖြစ်ပြီး အခုလို ဖြစ်ရပ်
ကြောင့် ဆော်ဒီမှာနေထိုင်တဲ့ အမေရိကန်တွေရဲ့ လုံခြုံရေးကို အထူး စိုးရိမ်ပြီး ပြန်လည်သုံး သပ်နေတယ် လို့လည်း ဆိုပါတယ်။ 


အိမ့်သံစဉ် ~










 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved