ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

Wednesday, October 22, 2014

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ်သိမ်းပြီး တပ်ဖွဲက ထုတ် ပယ် လိုက်တယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထွက်လာပါတယ်။ 

 ဒု ဗိုလ်မှူးကြီး ဆန်းအောင်၊ ဓာတ်ပုံ- ဧရာဝတီ

အဲဒီ ကြေညာချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ရဲ့ ကိုယ်စား စောမိုရှေးက လက်မှတ်ထိုး ထားပြီး ကျိုက်မရော မှာ အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်ကို လာရောက်ရှင်းပြဖို့ တာဝန်ရှိသူ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဆန်းအောင်အား အောက်တိုဘာလ ၅ ရက်နေ့က ဖုန်းနဲ့ ဆင့်ခေါ် ခဲ့တယ်လို့ အစချီပြီး ဖော်ပြထားပါတယ်။ 

ဒါပေမယ့် အခုထိ လာရောက်ရှင်းလင်းမှု မရှိပဲ ပျက်ကွက်တဲ့အတွက် တပ်ဖွဲ့က ပေးအပ်ထားတဲ့ တာဝန်တွေ ကို ရုပ်သိမ်းလိုက်ပြီး တပ်ဖွဲ့ကလည်း ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ကြေညာချက်က ရေးထားပါတယ်။ 

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လို့ မရသေးပါဘူး။ 

ဒု ဗိုလ်မှူးကြီးဆန်းအောင်ဟာ လက်ပံတောင်းမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့်တုန်းက လည်း မြဝတီ မှာ DKBA တပ်ဖွဲ့နဲ့အတူ ဆန္ဒပြခဲ့ပါတယ်။ အဲဒီအပြင် သမီးလေး ကျေးရွာ အဖျက်ခံရတုန်းကလည်း ရွာသူ၊ ရွာသားတွေကို သူက နေဖို့ စီစဉ်ပေးခဲ့ဖူးတယ်။ 




အိမ့်သံစဉ် ~ 


 

.





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved