Myanmar Girls အဖွဲ့အဖြစ် ပြောင်းလဲလိုက်တဲ့ တချိန်က Me N Ma Girls

Sunday, October 26, 2014



မြန်မာနိုင်ငံမှာ  မကြာသေးမီကာလလောက်က Myanmar Girls ဆိုတဲ့ girl band တခု ထပ်မံ ပေါ်ပေါက် လာပါတယ်။ 

Myanmar Girls အဖွဲ့ဝင်များ(ဓာတ်ပုံ- ထိုက်ထိုက် Melody World ဖေ့ဘုတ်မှ)


အဖွဲ့ဝင်တွေကတော့ တခြားသူတွေတော့မဟုတ်ပါ။ ၂၀၁၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ pop girl band တခုအနေနဲ့ အောင်မြင်လာခဲ့တဲ့ Tiger Girls ဆိုတဲ့ အမျိုးသမီး ဂီတ အဖွဲ့ကနေ Me N Ma Girls ဆိုတဲ့ International အမျိုးသမီး ဂီတအဖွဲ့တခုအဖြစ် ပြောင်းလဲလှုပ်ရှားလာခဲ့သူများထဲက ထိုက်ထိုက်၊ ချာချာ၊ ကင်မီ နဲ့ ဝေနှင်း တို့ပဲ ဖြစ်ပါတယ်။ 
  
Tiger Girls နဲ့ Me N Ma girls ဆိုပြီး ရပ်တည်ခဲ့စဉ်တုန်းက ထိုက်ထိုက်၊ ချာချာ၊ ကင်မီ၊ အမွန်းနဲ့ ဝေနှင်း ဆိုပြီး အဖွဲ့ဝင် ၅ ဦးနဲ့ အနုပညာအလုပ်တွေကို လှုပ်ရှားခဲ့ကြပေမယ့် ယခု Myanmar Girls ဆိုတဲ့ အမည် နဲ့ ပြောင်းလဲ ရပ်တည်လာချိန်မှာတော့ အဖွဲ့ဝင်တဦးဖြစ်တဲ့ အမွန်း ကလွဲ့လို့ ကျန်တဲ့ အဖွဲ့ဝင် ၄ ဦးနဲ့ ပြန် လည်ဖွဲ့စည်းလိုက်တာပါ။
  
သူတို့လေးယောက်ဘာကြောင့် Myanmar Girls ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှုလမ်းကြောင်းကို
ပြန်လည်ရောက်ရှိလာသလဲဆိုတော့ “ကျမတို့ တကယ်ဆို တယောက်ချင်းစီ တကိုယ်တော်အခွေတွေလည်း ထုတ်လို့ရပါတယ်။ ဒါပေမယ့် ဒီအဖွဲ့လေးကို ချစ်လွန်းလို့ အခက်အခဲတွေကြားထဲက ပြန်လုပ်ဖြစ်ကြတာပါ” လို့ Myanmar Girls အဖွဲ့ဝင် တဦးဖြစ်တဲ့ ထိုက်ထိုက်က ပြောပါတယ်။
  
အသစ်တဖန် မွေးဖွားလာတဲ့ Myanmar Girls အမျိုးသမီးဂီတအဖွဲ့အနေနဲ့ရော International ဂီတ စာမျက်နှာတွေဆီအရောက်လှမ်းဖို့ အစီအစဉ်ရှိမရှိဆိုတာကို အဖွဲ့ဝင်လေးဦးကိုယ်စား ထိုက်ထိုက်က
“International မီဖို့ကို အနုပညာရှင်တိုင်း ကြိုးစားနေကြတာပါပဲ။ ဒါပေမဲ့ မီနိုင်မမီနိုင်က ပရိသတ်ပဲ ဆုံးဖြတ်သွားမှာမို့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေအတွက်ရပ်တည်နေတဲ့ မြန်မာပြည်က လက်ခုပ်သံတွေကိုပဲ အကျယ်ဆုံးကြားရအောင် ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။

Fusan Temple မှာ ပြုလုပ်သွားတဲ့ Myanmar Girls အဖွဲ့ရဲ့ ဖျော်ဖြေနေပုံ (ဓာတ်ပုံ-ထိုက်ထိုက် Melody World ဖေ့ဘုတ်မှ)


Myanmar Girls အဖွဲ့ဝင်လေးဦးရဲ့ ပွဲဦးထွက် show ပွဲအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ Fusan Temple မှာ ပြုလုပ်သွားတဲ့ပွဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Unicorn ဆိုတဲ့ အမျိုးသမီး Girl band နဲ့အတူ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။


သဲသဲ ...

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved