မြန်မာ Sexy မော်ဒယ်လ် ၃ ဦးရဲ့ HIV/ AIDS လူနာတွေအတွက် ရံပုံငွေ ပါတီပွဲ

Friday, October 3, 2014

ဖေ့စ်ဘုတ်လောကမ Sexy မော်ဒယ်လ်တွေလို့ လူသိများတဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကိုကို တို့ ပါဝင်ဖျော်ဖြေသည့် Dance for Life Party ကို အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်းထောင့် ၊ ၈ မိုင်လမ်းဆုံ၊ ဟိုတယ် ရန်ကုန်ဝင်းအတွင်းက VIP Bar မှာ ကျင်းပခဲ့ပါတယ်။ 

 ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ

 
အဆိုပါ Dance for Life Party ပွဲမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကို HIV/ AIDS ရောဂါဝေဒနာရှင်တွေ အတွက် ထောက်ပံ့ကြေးရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Dance for Life ဆိုသည်မှာ အမေရိကန်နိုင်ငံ ချီကာကိုမြို့အချေစိုက် အကဖွဲ့တဖွဲ့ရဲ့ နာမည်ဖြစ်ပြီး အဆိုပါ အဖွဲ့မှ ၄င်းတို့၏ ကပြဖျော်ဖြေမှုတွေက ရရှိလာတဲ့ ရန်ပုံငွေတွေကို HIV/AIDS ဝေဒနာရှင်တွေကို ကူညီ
aထာက်ပံ့နေသော အဖွဲ့အစည်းတခုဖြစ်ပါတယ်။ 

ကျင်းပခဲ့တဲ့ Dance for Life Party ပွဲဟာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းတခုရဲ့ နာမည်ကို Copy Right ယူပြီး ပထမဆုံး ကျင်းပတဲ့ ပါတီပွဲလည်း ဖြစ်ပါတယ်။ 




စိုင်းဇော် ~



.




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved