Billboard Hits သီချင်းတွေနဲ့ မြူးကြမယ်

Friday, November 7, 2014

International Music မှာ ထိပ်ဆုံးရောက်နေတဲ့ Billboard Top Songs တွေထဲက Top 3 သီချင်း ၃ ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒါကို အပတ်စဉ်ထွက်ရှိနေတဲ့ The Irrawaddy Weekly Journal အတွဲ(၁) အမှတ် (၄၄) ရဲ့ ခေတ်ရေစီး ကဏ္ဍမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ဒါပေမယ့် ဧရာဝတီ ဘလော့ဂ်စာမျက်နှာရဲ့ ဒီကနေ့ လူငယ် ပရိတ်သတ်တွေအတွက် ပြန်ဖော်ပြပေးလိုက်တာပါနော်။

ဒီနေ့ခေတ်လို  Digital Life မှာ လူငယ်တွေ သီချင်းနားထောင်မယ်ဆိုရင် အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းသွား၊ အလုပ်သွားတဲ့အခါ ကားပေါ်၊ ရထားပေါ်မှာပဲဖြစ်ဖြစ် iPone, iPad, iPod, Tablet အစရှိတဲ့  Device အမျိုးမျိုးနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို Favorite Playlist မှာ ထည့်သွင်း နားဆင်လာကြပါတယ်။

လတ်တလောမှာ ထိပ်ဆုံးရောက်နေတဲ့ Billboard Top Songs တွေအကြောင်း ပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ ဒီနှစ် ဇွန်လအတွင်းက ထွက်ရှိထားပြီး ဩစတြီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ မက္ကဆီကို၊ နယူးဇီလန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ အင်္ဂလန် စတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံ အနှံ့အပြားမှာ လက်ရှိ နံပါတ် (၁) နေရာကို ယူထားတဲ့ အသက် ၂၁ နှစ် အရွယ် အမေရိကန် တေးရေး၊ တေးဆို အဆိုတော်မလေး Meghan Trainor ရဲ့ “All About That Bass” ဆိုတဲ့ သီချင်းပါ။


ဒီသီချင်းဟာ Billboard Hot 100 မှာတောင် နံပါတ်တစ်နေရာမှာ အောင်မြင်နေပြီး ဒီသီချင်းမှာ ပါဝင်တဲ့ သီချင်းစာသား၊ Beat၊ သီချင်းရဲ့ ပေးချင်တဲ့ Message စတာတွေကို ဝေဖန်သူတွေက ကောင်းမွန်တယ်လို့ ချီးကျူးခံရတဲ့ သီချင်းတပုဒ်ပါ။ ဒီသီချင်းက ဝနေတဲ့သူတွေအနေနဲ့ စိတ်ဓာတ်မကျဖို့ အကြောင်းကို မြူးမြူးကြွကြွ Beat တွေနဲ့ ဖန်တီးသီဆိုထားပြီး သီချင်း MTV မှာ တင်ဆက်ထားတဲ့ Performance အကတွေကလည်း ချစ်စရာကောင်းကာ ပရိသတ်ကို အကြိုက်တွေ့စေတာ အမှန်ပါပဲ။

သီချင်းမှာပါဝင်တဲ့ စာသားတချို့၊ ဥပမာ-‘‘My mama she told me don’t worry about your size she says”, ‘‘Boys like a little more booty to hold at night” စတဲ့ သီချင်းစာသားလေးက ချစ်စရာကောင်းပြီး အဓိပ္ပာယ်ရှိသလို ဟာသဆန်ဆန်လေး ရယ်သွမ်းသွေးပြီး ရေးထားတာကြောင့်လည်း အထူးသဖြင့် ဒီနေ့ခေတ် ဆယ်ကျော်သက် မိန်းကလေးတွေ အသည်းစွဲနေတဲ့ သီချင်းတပုဒ်ပါ။

နောက်ထပ်တပုဒ် မိတ်ဆက်ပေးချင်တာကတော့ လက်ရှိ Billboard Top Songs မှာ ဒုတိယနေရာကို ရောက်နေတဲ့ သီချင်းပါပဲ။ အသက် ၂၅ နှစ်အရွယ် အမေရိကန်အဆိုတော် Taylor Swift ရဲ့ “Shake it off”  သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းမှာ Talyor Swift ကို မြင်နေကျပုံစံမျိုးနဲ့ တွေ့မြင်ရမှာမဟုတ်ဘဲ သီချင်းကလည်း သူ့ရဲ့ ထွက်ရှိပြီးသား တခြားသီချင်းတွေနဲ့ ပုံစံမတူတာ၊ အသစ်ကွဲထွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။



 ဒီသီချင်းကိုလည်း မြူးမြူးကြွကြွ အကတွေ၊ မြူးမြူးကြွကြွ Beat သံစဉ်တွေနဲ့ ဖန်တီးတင်ဆက်ထားပြီးတော့  MTV မှာဆိုရင်  Talyor ကို ပုံစံအမျိုးမျိုးနဲ့ သရုပ်ဆောင်ထားတာ တွေ့မြင်ရမှာပါ။

နောက်ဆုံးတပုဒ်အနေနဲ့ ပြောပြချင်တာကတော့ အင်္ဂလိပ်နာမည်ကြီး တေးရေး၊ အဆိုတော် Jessie J၊ အမေရိကန် တေးရေး၊ အဆိုတော် Ariana Grande နဲ့ အမေရိကန် နာမည်ကြီး တေးရေး၊ တေးဆို  Rap ဘုရင်မလို့ တင်စားခေါ်ထိုက်တဲ့ Nicki Minaj စတဲ့ အကျော်အမော်  Hottie Ladies ၃ ဦး သီဆိုထားတဲ့ “Bang Bang” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။




 ဒီသီချင်းကို ဇူလိုင်လကုန်ပိုင်းလောက်မှာ စတင်ထုတ်လုပ် ဖြန့်ချိခဲ့တာဖြစ်ပြီး Jessie J ရဲ့ မွေးရပ်နိုင်ငံ အင်္ဂလန်နဲ့ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေမှာလည်း အရမ်းကို အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သီချင်းတပုဒ်ပါ။ ဒီ သီချင်းရဲ့  MTV မှာလည်း အဆိုတော် ၃ ဦးရဲ့ သရုပ်ဆောင်ချက်တွေ အလန်းစားပဲမို့ ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။


ကဲ … ခေတ်ရေစီးထဲက သီချင်းချစ်သူ လူငယ်တွေအနေနဲ့ ဒီနေ့  International Billboard မှာ Hit ဖြစ်နေတဲ့  Top Songs သီချင်း ၃ ပုဒ်နဲ့အတူ  ဒီတပတ်  Weekends  မှာမြူးမြူးကြွကြွ ခုန်ပေါက် ကလိုက်ကြရအောင်လား။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved