နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာကို ပါကစ္စတန်မှာ ဆန့်ကျင်မှုတွေ လုပ်နေ

Wednesday, November 12, 2014

ကမ္ဘာအသက် အငယ်ဆုံး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာဟာ သူ့ရဲ့ မိခင် နိုင်ငံ ပါကစ္စတန်မှာတော့  ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

 နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ၊ ဓာတ်ပုံ- au.lifestyle.yahoo.com

ပါကစ္စတန်မှာ ရှိတဲ့ ကျောင်းတွေကတော့ မာလာလာ ဆန့်ကျင်ရေးနေ့ ကျင်းပခဲ့ကြတာကို Marie Clair ရေး တဲ့ သတင်း တပုဒ်ကို ရာဟူး နယူးစ်ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ သတင်းစာမျက်နှာ မှာ တွေ့ရ ပါတယ်။ 

 အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး လှုံ့ဆော်တိုက်တွန်းသူ အသက် ၁၇ နှစ်အရွယ် မာလာလာ ယူဆွပ်ဇိုင် ဟာ ၂၀၁၂ ခုနှစ်က တာလီဘန်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့အတူ သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရလို့ ဗြိတိန်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ကံကောင်းစွာနဲ့ အသက် ရှင်သန်ခွင့် ရခဲ့သူပါ။ 

မာလာလာရဲ့ I am Malala ဆိုတဲ့ သူ့ရဲ့ စာအုပ်ဟာ ကမ္ဘာကျော်ပါတယ်။ 

အခုတော့ ပါကစ္စတန်နိုင်ငံမှာ “I am not Malala” နေ့ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က ကျောင်းတွေမှာ ကျင်းပခဲ့ကြတယ် တဲ့။ 

ဒါဟာ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာအပေါ် သူ့မိခင်နိုင်ငံတွင်းမှာ မနာလို သဝန်တိုမှုတွေနဲ့ ပုံဖျက်ဖို့ ကြိုးစားချက် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်တုန်းက နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရစဉ်ကလည်း အလားတူ ပုံဖျက်ဖို့ လုပ်ဆောင်ခဲ့တဲ့သာဓကတွေ ရှိခဲ့တာပါဘဲ။

ပါကစ္စတန်ရှိ ကျောင်းတွေက မာလာလာဆန့်ကျင်ရေးနေ့ကျင်းပတဲ့အကြောင်း ဖတ်ရှုနိုင်ဖို့အတွက် မူရင်းသတင်းလင့်ခ်ကို ဖော်ပြပေးလိုက်ပါတယ်။

https://au.lifestyle.yahoo.com/marie-claire/news-and-views/world-reads/a/25480460/pakistani-schools-hold-anti-malala-day/


အိမ့်သံစဉ် ~







 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved