အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ တွေ့မယ်

Wednesday, November 5, 2014

-



အမေရိကန်သမ္မတ အိုဘားမားက လာမယ့် ၁၄ ရက်နေ့ (သောကြာနေ့) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

သူက မြန်မာပြည်မှာ နိုဝင်ဘာ ၁၂ ကနေ ၁၄ အတွင်း ရှိလိမ့်မယ်လို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ထုတ်ပြန်ကြောင်း ဧရာဝတီသတင်းတပုဒ်  http://www.irrawaddy.org/burma/us-president-meet-aung-san-suu-kyi-rangoon-next-week.html မှာ ရေးထားပါတယ်။

ခရီးစဉ်အတွင်း နေပြည်တော် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲ၊ အရှေ့အာရှညီလာခံ တို့ကိုလည်း တက်ရောက်မှာပါ။

ရန်ကုန်မှာ ရှိနေတုန်း အရှေ့တောင်အာရှလူငယ်များနဲ့တွေ့ဆုံခြင်း အစီအစဉ်လည်း ခရီးစဉ်ထဲ ထည့်ဆွဲထားပါတယ်။

လူငယ်များနဲ့ တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့   တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒါဟာ သူတို့နှစ်ယောက် တတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုကို သွားရောက်စဉ် အိမ်ဖြူတော်မှာ တွေ့ပါတယ်။ ၂ဝ၁၂ စက်တင်ဘာမှာပါ။
နောက် ၂ လ အကြာ အိုဘားမား  မြန်မာပြည်လာစဉ် ထပ်တွေ့ကြပါတယ်။

သူက သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရပိုင်း ထိပ်တန်းတာဝန်ယူထားသူ မဟုတ်ပေမယ့်လည်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖြစ်တာကြောင့် အမေရိကန်သမ္မတက သူ့ရဲ့ ခရီးစဉ်အတွင်း ဒီလို တွေ့ဆုံခြင်းဖြစ်ပါတယ်။

ယခင် တွေ့ဆုံတဲ့နေရာကတော့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖြစ်ပါတယ်။

ဒီတကြိမ်လည်း အဲဒီနေရာမှာပဲ ဖြစ်ဖွယ်ရှိပါတယ်။

စည်သူလင်း

ကိုးကား

US President to Meet Aung San Suu Kyi in Rangoon Next Week

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved